My First Love is💛18

18K 1.3K 34
                                    

'ဒီနေ့အစည်းအဝေးကတော့ ဒီလောက်ပါပဲ'

ထွက်လာတဲ့Bossရဲ့စကားသံအဆုံး အရှေ့စားပွဲပေါ်မှာတင်ထားတဲ့စာရွက်တွေမှတ်စုစာအုပ်တွေကိုကောက်သိမ်းရင်း ဂျာကြီးနဲ့အတူ အစည်းအဝေးအခန်းထဲကထွက်ဖို့ပြင်လိုက်လေသည်။

'ခစားရံ'

ခေါ်သံကြောင့် လှမ်းနေတဲ့ခြေလှမ်းတွေကို ရပ်တန့်မိလိုက်သည်။

'Boss'

အနားကိုလျှောက်လာတဲ့Bossကို နှုတ်ဆက်နေတဲ့ဂျာကြီးရဲ့အသံကိုလည်း သူကြားနေရပါသည်။

'ပြီးရင်ငါနဲ့သွားစရာရှိတယ် လိုက်ခဲ့'

ခပ်ပြတ်ပြတ်ပြောလာသောသူ့အသံသြရှရှသည်အမိန့်သံဆန်နေသလိုပင်။

'ကျွန်တော်လုပ်စရာအလုပ်တွေရှိပါသေးတယ် Boss'

'နောက်မှလုပ် ငါနဲ့အရင်လိုက်ခဲ့'

စိတ်မရှည်တဲ့ပုံပေါက်နေတဲ့လေသံကြောင့် Bossပြောသမျှကို အရွဲ့တိုက်ချင်စိတ်သာဖြစ်နေတော့သည်။အရင်က Bossဘယ်လိုပြောပြော ဘယ်လောက်အေးတိအေးစက်နဲ့ ဆက်ဆံနေပါစေ အပြုံးမပျက်ခဲ့ပေမယ့် အခုစိတ်တွေနောက်ကာ Bossအပေါ်ကို ဒေါသထွက်ချင်သလို စိတ်ဆိုးချင်သလိုနဲ့ ဘာတွေဖြစ်နေမှန်းမသိတာကြောင့်။

'Designကိစ္စတွေကိုစက်ရုံနဲ့ပြောဆိုရဦးမှာမို့ လိုက်လို့မရလို့ပါ Boss'

ကျွန်တော့်စကားသံအဆုံး ဘေးနားကဂျာကြီးရဲ့လက်မောင်းကိုတံတောင်နဲ့ထိကာ ဆက်မပြောတော့ဖို့သတိပေးတာကိုခံလိုက်ရလေသည်။ပုံမှန်အားဖြင့် ကျွန်တော်သည် ထိုသို့ခေါင်းမာကာအကြောတင်းတတ်သူမဟုတ်သော်လည်း ဒီတစ်ခါမှာတော့ Bossပြောသမျှကိုဆန့်ကျင်ချင်မိသည်။

'ခစားရံ Bossကသွားစရာရှိတယ်ဆိုတာကို လိုက်သွားလေ Designကိစ္စကတစ်ခြားလူတွေလုပ်ထားလိုက်လိမ့်မယ် လိုက်သွားလိုက်'

မသိမသာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ကို ဂျာကြီးကရိပ်မိဟန်တူပါသည်။

'Bossစိတ်မဆိုးပါနဲ့နော် ဒီကလေးက ဒီတစ်ခါDesignကိစ္စတွေကို တာဝန်ခံထားတာဆိုတော့လေ အဲ့ဒါကြောင့်ပါ ခစားရံ Bossနဲ့လိုက်သွားတော့ ပေး အဲ့စာရွက်တွေ'

My First Love is💛Where stories live. Discover now