My First Love is💛7_1

21.9K 1.6K 17
                                    

la la la...lr lr...la la la

သီချင်းလေးညည်းကာဖင်လေးရမ်းရင်းနံရံမှာကပ်ထားတဲ့မှန်ရှေ့မှာ ဆံပင်ငုတ်စိလေးတွေကိုအပြတ်သနေမိသည်။

ဟီး... အမှန်တော့လေ ဒီနေ့က Bossနဲ့၂ယောက်တည်း။

တီးတောင်!!!တီးတောင်

အိမ်ရှေ့ကကြားနေရတဲ့ဘဲလ်သံကြောင့် လက်ထဲကဘီးကို ဘေးနားကခုံပေါ်အမြန်ပစ်တင်ရင်း ခုတင်ပေါ်ကအိတ်ကိုဆွဲကာ အခန်းထဲကအမြန်ထွက်လိုက်လေသည်။

'ဟီးBoss'

အခန်းတံခါးဖွင့်လိုက်တာနဲ့ လက်၂ဖက်ကိုပိုက်ကာ ခပ်တည်တည်မျက်နှာထားနဲ့ ရှပ်အနက်ရောင်ကိုကြယ်သီးအစိတပ်ထားကာ ဆံပင်တွေကိုထုံးစံအတိုင်း လှန်တင်ထားတဲ့Bossကိုတွေ့လိုက်ရလေသည်။Bossရဲ့ပြည့်စုံလွန်းတဲ့ အဲ့မျက်နှာကိုတွေ့တိုင်း ကျွန်တော်စတွေ့တည်းက အခုထိလူကြီးက နတ်သားကြီးများ လူယောင်ဆောင်ထားတာများလားလို့ပေါက်တတ်ကရတွေတောင်တွေးမိခဲ့ဖူးတယ်။

'အဲ့လောက်ကြည့်မနေနဲ့ ငါချောမှန်း ငါသိတယ်'

တိန်!

'ပြီးရင်ထွက်လာတော့လေ နောက်ကျနေမယ်'

'ဟုတ်'

အခန်းတံခါးကိုသေချာသော့ခတ်ပြီးပြန်စစ်ရသေး၏။အခန်းထဲကရှိစုမယ့်စုလေးတွေပါသွားလို့မဖြစ်ဘူးလေ။

'ဒီနေ့အဲ့အခန်းရှေ့က သွားဖြစ်ဦးမှာလား'

'ဟီး သွားဖြစ်မှာပါBoss အခုသွားလို့ရပါပြီခင်ဗျ'

ခေါင်းတစ်ချက်ခါကာ လှေကားထစ်ဆီကို ဦးတည်နေတဲ့ Bossနောက် ထုံးစံအတိုင်း သုတ်ခြေတင်ရင်းလိုက်ရပြန်သည်။

'ဟိုBossမသွားသေးဘူးလား'

ကားပေါ်ရောက်တာအတော်ပင်ကြာနေလေပြီ။အခုထိကားမထွက်သေးတဲ့ Bossကြောင့် ခစားရံတစ်ယောက် ကားပဲဆင်းတွန်းရတော့မလို။

'နောက်ကျရင်မဖြစ်ဘူးဆို ကားဘာဖြစ် အာBo Boss ဘာ ဘာဖြစ်လို့လဲ'

ရုတ်တရက်ကြီး ကိုယ့်ဘက်ကိုလှည့်လာကာ တဖြည်းဖြည်းအနားတိုးလာတဲ့Bossကြောင့် ပြောမယ့်စကားတွေတောင် တန်းလန်းနဲ့တို့လို့။အရမ်းကပ်လာတဲ့မျက်နှာကြောင့် ယောင်ယမ်းကာ မျက်လုံးအစုံကိုမှိတ်ချလိုက်မိသည်။

My First Love is💛Where stories live. Discover now