My First Love is💛6

22K 1.7K 22
                                    

'ကျစ်!ဂျာကြီးအကောခံရတော့မယ်'

မနက်တိုင်း အလုပ်နောက်ကျတဲ့ပြဿနာလေးသာမရှိရင် ကျွန်တော့်ရဲ့မနက်ခင်းလေးတွေက တကယ်ကိုလှပနေမှာ သေချာသလောက်ပင်။

အိမ်အပေါက်ဝက ဖိနပ်စင်ပေါ်မှာတင်ထားတဲ့ ရှူးဖိနပ်ကိုကောက်စွပ် ဖရိုဖရဲဖြစ်နေတဲ့Necktieကိုအနည်းငယ်ပြင်ကာ လက်တွေကိုဆံပင်တွေထဲ ထိုးထည့်ကာ ဟိုသပ်ဒီသပ်လုပ်ပြီးနောက် အိတ်ကိုစလွယ်သိုင်းရင်း သူထွက်လာလိုက်လေသည်။အခန်းတံခါးကိုသေချာသော့ခတ်ကာ အနောက်လှည့်လိုက်တော့ ကိုယ့်နည်းတူ အခန်းတံခါးကိုသော့ခတ်နေတဲ့Boss။

ဟာ...အဲ့ဒါမှသေတာပဲ!သူBossကိုဘယ်လိုရင်ဆိုင်ရမလဲမသိသေးပါ။Boss ဒီဘက်မလှည့်သေးခင် လှေကားပေါ်ကဆင်းရမယ်လို့ကြံကာ ခြေလှမ်းဖို့ရွယ်ရုံရှိသေး တန်းတန်းမတ်မတ်ကြီး ကိုယ့်ဘက်ကိုလှည့်လာရုံသာမက လူကိုပါကြည့် လာတဲ့Bossကြောင့် လှမ်းနေတဲ့ခြေထောက်တွေကို ဆက်ပဲလှမ်းရမလို ပြေးပဲပြေးဆင်းရမလိုနှင့်။

'Go... Good Morning Boss!'

လက်တစ်ဖက်ကိုမြှောက်ကာ မချိုမချဉ်အပြုံးနဲ့ကျွန်တော့်ပုံစံက အနည်းငယ်ကမောက်ကမဖြစ်နေမယ်မှန်းသိနေပေမဲ့လည်း။

'အလုပ်သွားတော့မလို့လားBoss'

ကျစ်!ဒီအချိန်ကအလုပ်သွားမယ့်အချိန်လေ!!!

အရှက်ပြေနောက်တစ်ခါ ရယ်ပြလိုက်မိပြန်တော့သည်။

'ဟို Boss အဲ့ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ် အလုပ်နောက်ကျမှာစိုးလို့ပါ'

ခေါင်းတစ်ချက်ငြိမ့်ကာအရိုအသေပေးဟန်ပြုပြီး ထွက်လာဖို့ဟန်ပြင်တော့ လက်ကိုလာကိုင်တဲ့Bossကြောင့် ထိုလက်တွေကိုတစ်ချက်ကြည့်လိုက်ရင်း။

'ငါနဲ့လိုက်ခဲ့ မင်းBusကားစီးရင် မီမှာမဟုတ်ဘူး'

'ဗျာ!'

*****

'အဟမ်း...ဟို'

ပြတင်းပေါက်ဘက်ကို မျက်နှာမူထားရာကနေ ကြားလိုက်ရတဲ့Bossအသံကြောင့်Bossကိုကြည့်လိုက်တော့ ကားကိုအာရုံစိုက်ကာ မောင်းနေရင်းကနေ။

My First Love is💛Where stories live. Discover now