My First Love is💛28

13.6K 1K 80
                                    

'ကိုကို'

ခေါ်သံကြောင့် ဘုန်းကြွယ်ဌေး စာရင်းပေါင်းချုပ်တွေကိုစစ်နေရာမှ ခေါင်းမော့ကာကြည့်လိုက်လေသည်။

'လာပြီလားကလေး'

သူ့ကိုပြုံးပြနေတဲ့ကောင်လေးကို အပြုံးလေးနဲ့မေးလိုက်တော့ ခေါင်းလေးငြိမ့်ပြလေသည်။

'ခဏလေးစောင့်နော် ကိုကို ဒါလေးအပြီးသတ်ပြီးမှ ပြန်ကြမယ်'

'ဟုတ်'

သူပြုံးရင်းခေါင်းတစ်ချက်ငြိမ့်ပြကာ အလုပ်ကိုအမြန်ပြီးအောင်လုပ်နေလိုက်သည်။

ခစားရံSofaပေါ်မှာထိုင်ရင်း အလုပ်စားပွဲမှာအလုပ်လုပ်နေတဲ့Bossကို ငေးကြည့်နေမိသည်။တစ်ခုခုကိုအာရုံစူးစိုက်ပြီးလုပ်နေတဲ့အချိန်မှာ Bossက အရမ်းဆွဲဆောင်မှုရှိတယ်။ မျက်နှာထားခပ်တည်တည်နဲ့ အတန်ငယ် တွန့်ချိုးနေတဲ့ မျက်ခုံးတစ်စုံတို့က ဘာကြောင့်မှန်းမသိ Bossကိုအရမ်းကြည့်ကောင်းနေစေ ပြန်တယ်။Necktieခပ်လျော့လျော့နဲ့ အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်နေတတ် တဲ့Bossရဲ့ပုံရိပ်ကို မျက်စိမှိတ်လိုက်တဲ့အချိန်တိုင်း ပြန်မြင်ယောင်လာနိုင်တဲ့အထိ မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။ အမြဲတမ်း အမှတ်ရနေချင်လို့ပါ။ထပ်ပြီးငေးမောခွင့်ရနိုင်ပါတော့မလား မသိနိုင်တာကြောင့်...။

'ရံစောင့်လိုက်ရတာ အရမ်းကြာသွားလား'

သူပြုံးရင်း ခေါင်းလေးခါပြလိုက်လေသည်။

'ဟင့်အင်း ဟို ကိုကို'

အိတ်ထဲကနေ ကားသော့ထုတ်နေတဲ့ Bossကိုကြည့်ရင်း။

'ကျွန်တော်တို့ ဒီနေ့ ကိုကို့ကားနဲ့ မပြန်ရအောင်'

အပြုံးလေးနဲ့ပြောလာတဲ့ခစားရံကိုသာ ဘုန်းကြွယ်ဌေးကြောင်အမ်းအမ်းနဲ့ ငေးကြည့်နေမိပါတော့သည်။

'ကျွန်တော်တို့ကံကောင်းတာသိလားBoss ဒီအချိန်ကရုံးဆင်းချိန်ဆိုတော့ လူသိပ်ကြပ်တာ နေရာရဖို့မလွယ်ဘူး'

Busကားပေါ်မှာ၂ယောက်သား ၁၀မိနစ်လောက် မတ်တပ်ရပ်လိုက်ရပြီးနောက် ၂ယောက်ထိုင်ခုံလေးတစ်ခုံလွတ်သွားတာကြောင့် ထိုင်စရာနေရာရလိုက်တာမို့ ဒီကလေးပျော်နေသည်လေ။ဘာမဟုတ်တဲ့ သေးငယ်တဲ့ အရာလေးကတောင် ဒီကောင်လေးကိုပျော်စေနိုင်တဲ့အခါ လူတွေအများကြီးနဲ့တိုးဝှေ့ပြီး ကြပ် ကြပ်သိပ်သိပ်စီးနေရတဲ့ ဒီBusကားစီးရခြင်းကိုတောင်သူသဘောကျလာသလိုပင်။

My First Love is💛Where stories live. Discover now