My First Love is💛27

14.2K 1.1K 73
                                    

ခစားရံတုန်ယင်နေတဲ့လက်တွေနဲ့ အရှေ့ကရေထည့်ထားတဲ့ဖန်ခွက်ကိုယူကာသောက်လိုက်လေသည်။ဘယ်လိုပဲစိတ်အေးအောင်ထားထား ရင်တွေအရမ်းတုန်နေတာကြောင့် လက်၂ဖက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း သက်ပြင်းဖွဖွကိုချလိုက်မိသည်။

'ခစားရံဆိုတာလား'

ကြားလိုက်ရတဲ့အသံကြောင့် သူခါးကိုမတ်လိုက်မိရင်း မော့ကြည့်လိုက်သည်။ခပ်ပြုံးပြုံးနဲ့ကြည့်နေတဲ့ ကျက်သရေရှိတဲ့ ထိုအမျိုးသမီးကြီးက Bossရဲ့အမေမှန်း သူသိလိုက်သည်။Bossက သူ့မေမေနဲ့ အရမ်းတူတယ်လေ။

'ဟုတ်ကဲ့'

သူပြန်ဖြေလိုက်တော့ သူ့ကိုတစ်ချက်ပြုံးကာကြည့်ရင်း မျက်နှာချင်းဆိုင်ကခုံမှာ ဝင်ထိုင်ကာ သူမရဲ့အိတ်ကို စားပွဲပေါ်မှာ တင်လိုက်တဲ့အထိ ခစားရံ အကြောင်သားလေးနဲ့ ကြည့်နေမိသည်။

'အန်တီက ဘုန်းကြွယ်ဌေးရဲ့အမေပါ'

'ဟုတ်ကဲ့'

'အင်း အန်တီတွေ့ချင်တဲ့ အကြောင်းအရင်းကိုလည်း သိပြီးလောက်ရောပေါ့'

သူခေါင်းငြိမ့်ပြလိုက်လေသည်။သူနဲ့Boss တွဲနေတယ်ဆိုတဲ့ အကြောင်းပြချက်ကလွဲလို့ တွေ့စရာအကြောင်းအရင်းမှမရှိခဲ့ပဲ။

'ဒါဆို အန်တီဘာပြောချင်လဲဆိုတာ တိုက်ရိုက်ပဲပြောတော့မယ်'

လူကိုခပ်ပြုံးပြုံးပင် ပြောနေတဲ့သူမကြောင့် ခစားရံ ရင်တွေအရမ်းတုန်လာကာ လူကအော်ငိုချင်လာသလိုပင်။အမှန်တိုင်းပြောရရင် Bossရဲ့မိခင်ကို သူကြောက်နေမိပါသည်။

'အန်တီရဲ့သားနဲ့ ဒီကမောင်ရင်ရဲ့ ဆက်ဆံရေးကိုဖြစ်နိုင်ရင် မဟုတ်ဘူး ဘယ်လိုပဲဖြစ်ဖြစ် အန်တီဘက်ကတော့ ရပ်တန်းကရပ်စေချင်တယ်'

'ဗျာ'

'အန်တီနားလည်ပါတယ် အနေနီးရင် ဒီလိုတွေဖြစ်နိုင်တယ်ဆိုတာ ဒါပေမဲ့ မင်းလည်းနားလည်မှာပါ ဒီလိုဆက်ဆံရေးမျိုးတွေက လူ့ပတ်ဝန်းကျင်မှာ လက်ခံနိုင်ဖို့က လွယ်တာမဟုတ်ဘူးလေ'

ခစားရံ ခေါင်းငုံ့ထားရင်းနဲ့သာ နားထောင်နေမိသည်။မှန်ပါတယ် ဒီလိုဆက်ဆံရေးမျိုးကိုလက်ခံနိုင်တဲ့သူအရမ်းနည်းပေမဲ့ အန်တီပြောသလို ယောက်ျားလေး၂ယောက်ကြားမှာ အနေနီးရုံနဲ့တော့ အချစ်ဆိုပြီး ခေါင်းစဉ်မတပ်ကြပါဘူး အန်တီ။

My First Love is💛Where stories live. Discover now