Christmas Holiday🎄(extra-4)

12K 685 51
                                    

'ပြွတ်စ် Morning ရံ'

ခေါင်းတစ်ဖက်စောင်းကာအိပ်နေသည်မို့ အတန်ငယ်စူထွက်နေတဲ့နှုတ်ခမ်းပုစိအားတစ်ချက်နမ်းလိုက်တော့ ခပ်ဖွဖွပြုံးကာမျက်လုံးလေးတွေကိုပွတ်သပ်လေသည်။

'အင်း'

လက်သီးလေး၂ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အပျင်းကြောဆန့်နေပုံက တစ်ဆိတ်လောက် ချစ်ဖို့ကောင်းလွန်းမနေဘူးလား။

'အချစ်'

'ဟင်'

'ကျွန်တော်အိပ်ရေးမဝသေးဘူး'

အိပ်ချင်နေဆဲမျက်လုံးလေးတွေက ပုတ်ခတ်ပုတ်ခတ်နဲ့။

'အိပ်ချင်နေသေးတာလား'

ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြတာကြောင့် သူတစ်ချက်ပြုံးရင်း ဆံပင်လေးတွေကိုဆွဲဖွလိုက်ကာ။

'အင်း အဲ့ဒါဆိုလည်းပြန်အိပ် ကိုကိုသွားခါနီးမှနှိုးမယ် အိပ် အိပ်'

'ကိုကိုလည်းအိပ်လေ'

'ဟင် ကိုကိုကမအိပ်တော့ဘူးလေ ရံစားဖို့မနက်စာပြင်ရဦးမယ်'

'ဟင့်အင်း မစားဘူး အိပ်နော်'

လက်လေး၂ဖက်ဆန့်ကာ သူ့ရင်ခွင်ထဲမှာထပ်အိပ်ဖို့ မျက်လုံးရွဲကြီးတွေနဲ့ ဂျီကျနေတော့လည်း အင်း သူ့အလိုကျအတိုင်းပေါ့။

'အိပ်တော့ ကိုကို့ကလေးလေး'

သူ့ရင်ခွင်ထဲကကိုယ့်ကိုခပ်တင်းတင်းဖက်ထားရင်း ဆံပင်တွေကြားမျက်နှာအပ်ကာဆိုလာတဲ့သူ့စကားကြောင့် ဘုန်းကြွယ်ဌေးပြုံးလိုက်မိသည်။

'ကိုကို ကျွန်တော့်ရှပ်အပြာရောင်ရော'

'ဟင် ကိုကိုမီးပူတိုက်ထားတယ်လေကလေး ဗီရိုအပေါ်ဆုံးထပ်မှာ'

ပန်းကန်တွေဆေးနေရင်းကနေ ပြောလိုက်တော့ ဘာမှပြန်ပြောသံမကြား ခါးကိုလာဖက်တဲ့ လက်တစ်စုံရဲ့အထိအတွေ့ကြောင့် သူပြုံးလိုက်မိသည်။

'အင်္ကျီရှာမတွေ့လို့လားရံ ခဏစောင့် ကိုကိုပြီးရင်ရှာပေးမယ်'

ကျောပြင်ပေါ်မျက်နှာနုနုကိုထိကပ်ကာ ပါးပြင်နဲ့ခပ်ဖွဖွပွတ်သပ်လာရင်း။

My First Love is💛Unde poveștirile trăiesc. Descoperă acum