My First Love is💛26

14.6K 1.1K 47
                                    

DingDong~~~DingDong

'အ့'

ခလုတ်တိုက်ပြီးလဲမိရာကနေ ကပျာကယာကုန်းထရင်း အိမ်ရှေ့တံခါးဆီသို့ အမြန်ပြေးသွားလိုက်လေသည်။

'Sorryကိုကို ကျွန်တော်ရေချိုးခန်းထဲဝင်နေ'

တံခါးကိုအမြန်ဖွင့်ကာ အခန်းဝမှာစောင့်နေတဲ့Bossကို ဖြေရှင်းချက်ပေးလို့မှမဆုံးသေး ပါး၂ဖက်ကိုအုပ်ကိုင်လာတာကြောင့် သူပြောနေတဲ့စကားတွေပင် ရပ်တန့်သွားမိပြီး အကြောင်သားနဲ့ Bossကိုသာကြည့်နေမိသည်။

'နှုတ်ခမ်းက ဘာဖြစ်တာလဲ'

'ဟင် ဘာကို'

'မင်းနှုတ်ခမ်း သွေးထွက်နေတယ် ဘာဖြစ်တာလဲ'

ပြောရင်း နှုတ်ခမ်းပေါ်ကို လာထိတွေ့တဲ့လက်ချောင်းတွေကြောင့်။

'အ့'

ရေချိုးခန်းရှေ့မှာ မှောက်ခုံလဲရင်း ထိမိသွားတယ်ထင်ပါရဲ့။အခုမှ အနည်းငယ်စပ်လာသလိုပဲ။

'ခုနက ဘဲလ်သံကြားလို့ ရေချိုးခန်းထဲကအမြန်ထွက်လိုက်တာ အဲ့ဒါ ချော်လဲတာ ဟီး'

ဆူမှာစိုးလို့ မျက်နှာချိုသွေးပြနေတဲ့ ကောင်လေးကြောင့် ဘုန်းကြွယ်ဌေး ခေါင်းတစ်ချက်ခါလိုက်မိသည်။ငလည်လေး။

'လာရယ်ပြမနေနဲ့ ဘယ်လောက်တောင်ချော်လဲလို့ နှုတ်ခမ်းတောင်ပေါက်သွားရတာလဲ ပြောစကားဆိုနားမထောင်ဘူး အမြဲကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ဘူး'

'ဟွင့် ကိုကိုကလည်း'

'ဘာလဲ အခုမှလာချွဲမနေနဲ့ ဆေးထည့်ရမယ်လာ'

ပြောရင်းအခန်းထဲကိုလက်ကိုဆွဲကာဝင်ချသွားတဲ့Bossကြောင့် သူပြုံးလိုက်မိသည်။

'အ့ နာတယ်Bossရ'

'သေးသေးလေးကို ဘာနာတာလဲ မနာချင်ရင် ဂရုစိုက်လေ'

ငေါက်လိုက်တော့လည်း မျက်နှာလေးကပြိုတော့မယ့်မိုးလို လုပ်ပြနေတာလေးကိုက။ဟင်း တကယ် အဆိုးလေးပါလားခစားရံ။အမှန်တော့ ရှပ်ပြာရှပ်ပြာလုပ်တတ်လွန်းတဲ့ ဒီကလေးကိုနောက်မဖြစ်အောင်သာဆူလိုက်ပေမဲ့ ဆေးကို ဖွဖွထည့်ပေးရင်းစပ်မှာစိုးတာကြောင့် လေမှုတ်ပေးလိုက်ဆေးထည့်လိုက်နဲ့ သူနာသွားမှာ စိုးရိမ်နေရသူမှာလည်း ကိုယ်သာ။

My First Love is💛Where stories live. Discover now