My First Love is💛4

22.8K 1.8K 12
                                    

'ဟာ Boss!ဘယ်သွားမလို့လဲ'

ခစားရံတစ်ယောက် အမှိုက်ပစ်ဖို့ အမှိုက်ထုပ်၂ထုပ်ကိုဆွဲလျက် တံခါးဖွင့်ကာထွက်လာတုန်း အထုပ်တစ်ထုပ်ကိုင်ကာ သူ့နည်းတူ အခန်းထဲမှထွက်လာတဲ့ Bossကြောင့် ဝမ်းသာအားရမေးလိုက်မိသည်။

'အမှိုက်သွားပစ်မလို့'

*အဟဲ ဒါဖူးစာ! ဘယ်လိုတောင်စိတ်တူကိုယ်တူဖြစ်နေတာလဲ Bossရယ်*

'ဟုတ်လား ကျွန်တော်လည်းအမှိုက်သွားပစ်မှာ တူတူသွားမလားBoss'

'အမှိုက်ပုံးဆီသွားတဲ့လမ်းကတစ်လမ်းပဲကို မင်းကဘယ်ကသွားချင်လို့လဲ'

သူ့ကိုပြောကာ လှေကားထစ်တွေကိုဆင်းသွားတဲ့Bossကြောင့် အမှိုက်အိတ်၂အိတ်ကိုဆွဲကာ အမြန်ပြေးလိုက်ရလေပြန်သည်။

*အမြဲဘုကလန့်ပြောတတ်တာလေးကိုက ကျွန်တော့်မျက်လုံးထဲမှာ ချစ်ဖို့ကောင်းနေသလိုလို ဟီးဟီး*

'Wowကြယ်တွေအများကြီးပဲ'

'အပေါ်မော့မနေနဲ့ အောက်ကိုကြည့်လျှောက်'

အမှိုက်ပစ်ပြီးပြန်လာတဲ့လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေတဲ့Bossဆီမှထွက်လာတဲ့အသံကြောင့်။

'ဟုတ် Boss'

သူပြန်ဖြေတော့ဘာမှမပြောဘဲ ဘောင်းဘီအိတ်ထဲလက်ထည့်ကာ လမ်းလျှောက်မြဲတိုင်းလျှောက်နေဆဲ။

'ဟို Boss'

သူ့အသံကြောင့် လူကိုကြည့်လာသည်မို့။

'ဟို Bossမှာချစ်.....'

Ringtone~~~

ရုတ်တရက်မြည်လာတဲ့ Bossရဲ့ဖုန်းကြောင့် သူမေးချင်တာလေးတောင် မမေးလိုက်ရ။

'Hello မေ'

မေ?အပြုံးလေးနဲ့ပြန်ဖြေနေတဲ့Boss။ကျွန်တော်မေးချင်တဲ့မေးခွန်းရဲ့အဖြေကအစတည်းကရှိနှင့်နေတာလား။

'အင်း အိပ်တော့မှာ'

'အင်း အဲ့ဒါဆိုGood nightနော်မေ'

ချိုချိုသာသာပြောနေတဲ့Bossရဲ့အသံကို ဒီအတောအတွင်းမှာ သူတစ်ခါမှ မကြားဖူးခဲ့။တစ်ဖက်ကမိန်းကလေးက Bossမျက်နှာမှာအပြုံးတစ်ပွင့်ကိုဖြစ်ထွန်းစေကာ ချိုသာတဲ့စကားသံကိုဖန်တီးနိုင်စေတယ်တဲ့လား။

My First Love is💛Where stories live. Discover now