My First Love is💛23

18.3K 1.2K 53
                                    

သက်ပြင်းသဲ့သဲ့ကိုချလိုက်မိသည်။လွယ်ထားတဲ့အိတ်ရဲ့ကြိုးကို လက်၂ဖက်နဲ့ဆုပ်ကိုင်ထားရင်း ကားဂိတ်ကနေတိုက်ခန်းကို တစ်ယောက်တည်းလမ်းလျှောက်ကာပြန်လာလိုက်သည်။Bossအခုတလော ဘာဖြစ်နေမှန်းသူမသိပါ။လူကိုလည်းပစ်ထားရက်တယ်။Over timeရှိတဲ့နေ့တောင် အလုပ်အတူတူ ပြန်တဲ့ Bossက သူတစ်ယောက်တည်းကိုထားခဲ့ပြီး အရင်ပြန်သွားသည်တဲ့လား။Boss ဘာတွေလုပ်နေလဲဆိုတာသူမသိရ။ဖုန်းလာရင်လည်း ကွယ်ရာမှာ တိုးတိုးတိုးတိုးနဲ့သွားပြောတယ်။ဘာဖြစ်နေလဲမေးတော့လည်း ခေါင်းသာခါပြတာကြောင့် သူဘာမှမတတ်နိုင်။ဘာလို့အဲ့လိုတွေဆက်ဆံနေတာလဲကိုကို။ ကျွန်တော် ဘေးနားမှာရှိနေတာ ကိုကို့အတွက် အနှောင့်အယှက်များဖြစ်နေပြီလား။

Ringing~~~

ကိုယ့်ဘာသာ အတွေးဂယက်ထဲ လွင့်မျောနေတုန်း မြည်လာတဲ့ဖုန်းသံကြောင့် အိတ်ထဲကဖုန်းကို အမြန်နှိုက်လိုက်လေသည်။Contact nameလေးကို မြင်လိုက်ရတဲ့ခဏ သူပြုံးလိုက်မိသည်။

'Hello Boss'

'အင်း ကျွန်တော်ရောက်တော့မှာ ဘာဖြစ်လို့လဲဟင်'

'အာ ဟုတ်'

'ရပါတယ် ကျွန်တော်ဝင်ယူလာခဲ့လိုက်မယ် ကိုကို'

'ဟုတ် ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်'

ဖုန်းကို လက်ကနေကိုင်ထားရင်း ခြေလှမ်းတွေရဲ့ဦးတည်ရာကို ပြောင်းလိုက်လေသည်။ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ တိုက်ခန်းကိုကျောခိုင်းရင်း နောက်ပြန်လှည့်ကာ ခြေထောက်တွေရဲ့ဦးတည်ရာသည် ကျန်ခဲ့ပြီဖြစ်သော ကားဂိတ်နားက စာရေးကိရိယာဆိုင်လေးသို့...။

'ဦးလေးနေ့ခင်းကမိတ္တူဆွဲဖို့ပေးထားတဲ့စာရွက်လေးတွေရပြီလားမသိဘူး'

သူမေးလိုက်တော့ လျော့တိလျော့ရဲလျှောကျနေတဲ့ မျက်မှန်ကိုပြန်ပင့်တင်ရင်း ထိုဦးလေးကြီးက လူကိုကြည့်လာလေသည်။

'ဘယ်စာရွက်တုန်း'

'ရုံးစာရင်းတွေချည်းပဲ လုပ်ထားတဲ့စာရွက်တွေလေ နေ့ခင်းကအရပ်ရှည်ရှည်နဲ့ကောင်လေးတစ်ယောက်လာပေးသွားတာ အဲ့ဒါရပြီလားမသိဘူး'

My First Love is💛Where stories live. Discover now