My First Love is💛34_1

20.7K 1.1K 96
                                    

'ဟာ ကိုလေးလည်းပါလာတာပဲ'

သူ့ကိုမြင်တာနဲ့ ကလေးမလေးသည် အိမ်ထဲကနေလုံးတုံးလုံးတုံးနဲ့ပြေးလာပြီး သူ့ဘေးကို ချက်ချင်းရောက်လာလေသည်။

'ကိုလေးကို ငယ်ကလွမ်းနေတာ'

လက်မောင်းတစ်ဖက်ကိုလာချိတ်ရင်း မျက်လုံးလေးတွေမှေးမှိတ်သွားတဲ့အထိပြုံးပြနေတဲ့ငယ့်ကြောင့် ခစားရံပြုံးလိုက်မိသည်။မောင်နှမတွေမို့လို့လား သူ မပြောတတ်ပေမဲ့ ကျွန်တော်ချစ်ရသူမှာလည်း ငယ်နဲ့ခပ်ဆင်ဆင် အပြုံးလှလှလေးတစ်ခုရှိတယ်။

'ဟဲ့ကောင်မလေး လွှတ်စမ်း အဲ့လက်ကို'

'အ့ အ နာတယ် ကိုကြီးကလည်း'

လက်မောင်းကိုချိတ်ထားတဲ့လက်တွေကို ခပ်ဆတ်ဆတ်ရိုက်ထုတ်ကာ ခစားရံကို သူ့ဘက်ဆွဲကာ သူ့နောက်မှာထားလိုက်တာကြောင့် ခစားရံပြုံးရင်း ခေါင်းခါလိုက်မိသည်။

'နာပေါ့ ပိုင်စိုးပိုင်နင်းနဲ့ သူများချစ်သူကို'

သူရိုက်တာအဲ့လောက်မနာပေမဲ့ သူ့လက်လေးကိုပွတ်ကာ မျက်နှာရှုံ့မဲ့မဲ့လေးလာလုပ်ပြနေသေးတာ။
ဒီကောင်မလေးဟာလေ ဘယ်သူနဲ့တူလို့ အဲ့လောက်မူယာမာယာများနေတာပါလိမ့်။

'ကိုကြီးချစ်သူဆိုပေမဲ့ ငယ့်အစ်ကိုပါပဲနော် ထိလို့ရတယ် ကိုင်လို့ရတယ် တိလား'

'မရပါဘူး ငါ့ချစ်သူကိုငါပဲကိုင်မှာ'

ကလေးနဲ့ပြိုင်ကာ စကားနိုင်လုနေတဲ့Bossကြောင့် ခစားရံခေါင်းတစ်ချက်ခါရင်း ရယ်လိုက်မိတော့သည်။
ကိုကိုဟာလေ ကလေးဆိုးကြီးလိုပဲ။

'Bossဘယ်လိုဖြစ်နေတာလဲ ကလေးနဲ့အပြိုင်'

သူဟောက်လိုက်တော့ မျက်နှာတော်က ချက်ချင်းကို စူပုတ်လာသည်မှာ ဟား အဲ့စူနေတဲ့နှုတ်ခမ်းကြီးတွေက တကယ်ကိုပင် အသည်းယားဖွယ်။

'ငယ်လေးအတွက် ကိုလေးတို့ မုန့်ဝယ်လာတယ်'

'တကယ် ဟီး အမှန်တော့ငယ်မေးမလို့ လက်ထဲကအထုပ်လေးက ဘယ်သူ့အတွက်လဲလို့'

'မကျွေးဘူး အဲ့ဒါ ကိုကြီးစားဖို့'

'ကိုကြီး!မရဘူးနော် ကျန်တာသည်းခံနိုင်တယ် မုန့်တော့လာလုမစားနဲ့'

My First Love is💛Where stories live. Discover now