My First Love is💛24

17K 1.2K 39
                                    

မှေးမှိတ်ထားတာကြာပြီဖြစ်တဲ့ မျက်လုံးတွေကို ဖြေးညှင်းစွာဖွင့်လိုက်လေသည်။အခန်းထဲကိုတိုးဝင်နေတဲ့ မှုန်ပျပျအလင်းရောင်ကြောင့် နေထွက်နေပြီမှန်း သူသိလိုက်သည်။ရင်ခွင်ထဲမှာထွေးပိုက်ထားတဲ့ ကောင်လေးကိုငုံ့ကြည့်မိတော့ အသက်ရှူသံစည်းချက်မှန်မှန်နဲ့ အိပ်မောကျနေဆဲပင်။သူတစ်ချက်ပြုံးရင်း ခေါင်းငုံ့ကာကောင်လေးရဲ့နဖူးပေါ်သို့ အနမ်းတံဆိပ်ခတ်နှိပ်မိလိုက်သည်။

အိပ်မောကျနေတဲ့ နုဖပ်နေတဲ့သူ့မျက်နှာလေးကို တစ်ဝကြီးငေးနေမိတဲ့ကိုယ့်အဖြစ်ကို သတိထားမိတဲ့အချိန်မှာ ခေါင်းတစ်ချက်ခါကာ အရှက်ပြေရယ်လိုက်မိသည်။ထုံနေပြီဖြစ်တဲ့ လက်မောင်းပေါ်ကသူ့ခေါင်းကို ဖယ်ပစ်ဖို့မတွေးမိဘဲ ရင်ခွင်ထဲကိုသိမ်းကြုံးကာထည့်ပစ်လိုက်သည်။ထို့နောက် ရင်ခွင်ထဲက အကောင်ပေါက်လေးရဲ့ အသက်ရှူသံမှန်မှန်ကို သဘောတကျနားထောင်ရင်း မျက်လုံးတွေကိုပြန်လည်မှေးမှိတ်လိုက်လေသည်။

မနက်ခင်းတွေက ဒီလောက်လှနေလိမ့်မယ်လို့ ငါအရင်က မသိခဲ့ဘူးရံ။အင်းပေါ့ မင်းကိုရင်ခွင်ထဲထည့်ပြီး မင်းမျက်နှာကိုငေးကြည့်ခွင့်ရတဲ့ မင်းနဲ့အတူနိုးထခွင့်ရတဲ့ ငါ့ရဲ့မနက်ခင်းဟာ ပြစ်ချက်မရှိ လှနေတော့မှာပေါ့။

'တောက်တဲ့လေးလား?သူများကိုလိုက်ကပ်နေတာ'

ခါးကိုဖက်ကာ ကျောပေါ်မှာမှီအိပ်နေပြန်တဲ့ အကောင်ပေါက်လေး။

'ကိုကိုကမကြိုက်ဘူးလား'

ထွက်လာတဲ့ခပ်ချွဲချွဲအသံလေးကြောင့် ခေါင်းတစ်ချက်ခါကာရယ်လိုက်ရင်း ကြက်ဥကြော်ကိုပန်းကန်ထဲထည့်ကာ မီးခလုတ်ကိုပိတ်လိုက်လေသည်။

'ကြိုက်လွန်းလို့ခက်နေတာ ဘယ်လိုလုပ်ရမလဲ'

အနောက်လှည့်ကာ ဆံပင်လေးတွေကိုဆွဲဖွရင်း သူပြောလိုက်တော့ ပါးကိုတစ်ချက်လာနမ်းလေသည်။အသည်းယားအောင် သိပ်မလုပ်ဖို့ ပြောလည်း ဒီကောင်လေးဟာပြောစကားနားမထောင်ပါ။သူ့ရှပ်အဖြူကိုဝတ်ထားတာကြောင့် အနည်းငယ်ပွနေတဲ့အင်္ကျီရယ်ဖွာလန်ကြဲနေတဲ့ဆံပင်လေးတွေရယ်နဲ့ကောင်လေးဟာ အမှန်ပင် အသည်းယားဖွယ်။နှာဖျားလေးကိုဖွဖွလေးဆွဲညှစ်လိုက်မိတော့။

My First Love is💛Where stories live. Discover now