My First Love is💛32_1

17.9K 1.2K 135
                                    

'ဟာ ဟေ့ရောင်!ငါ့ဆံပင်တွေကိုလာမဖွနဲ့လို့ မင်းကိုငါပြောနေတယ်နော်'

'ဘာဖြစ်လဲဖွတော့ ဖွတယ်ကွာ ဖွတယ်'

ခေါင်းကိုသူ့လက်တစ်ဖက်နဲ့ညှပ်ထားကာ နောက်လက်တစ်ဖက်နဲ့ ဆံပင်တွေကို အားရပါးရဆွဲဖွလိုက်တော့ လဒလေးကအာပြဲနေအောင်အော်လေသည်။အော်သာအော် ခစားရံရေ။အကျယ်ကြီးသာအော်။အဲ့ဒါမှ မင်းလူကြီးကြားမှာ။ပြီးမှ ငါ့ကိုကျေးဇူးတင်ပါတယ်မပြောနဲ့။

'ဟေ့ရောင် သူရစိုး!ငါမင်းကိုသတ်မိတော့မယ် ငါ့ကိုလွှတ်'

သူ့လည်ပင်းကိုဆွဲဖက်ထားတဲ့လက်ကို ခပ်ဆတ်ဆတ်ပုတ်ရင်း ပြောလာလေတော့ မသိမသာနဲ့Bossဘက်ကို ချောင်းကြည့်လိုက်သည်။

'ဟဲဟဲ သူငယ်ချင်းကလည်း ငါကချစ်လို့စတာကို'

လွှတ်ပေးလိုက်သည်နှင့် သူ့ဆံပင်ဖွာလန်ကြဲတွေကိုလက်နဲ့သပ်နေလေရဲ့။

'ရွံစရာတွေ မပြောစမ်းနဲ့ကွာ'

'ဟာ ငါကတကယ်ပြောတာ ငါမင်းကိုအရမ်းချစ်တာ!!!'

သိသိသာသာကို အသံကိုအကျယ်ကြီး အော်ပြောလိုက်လေသည်။ငှဲငှဲ ဒီလိုပဲဖြစ်ရမယ်လေ။Bossကသူတို့ဘက်ကိုလှည့်ကြည့်လာလေသည်။သူရစိုးပါ။

'ငါအန်မိတော့မယ် အပိုတွေမပြောနဲ့ ငါ့ဆီက ပိုက်ဆံချေးချင်လို့လား'

လဒလေး။ကြည့်စမ်းကြည့်စမ်း!ဆရာသမားကိုစော်ကားနေတာ။

'ဟေ့ရောင်!ရုပ်ကိုသေချာကြည့်စမ်း ဒီရုပ်က အဲ့လိုချေးဌားမယ့်ရုပ်လား'

'သေချာတာပေါ့ ငါ့ပိုက်ဆံ၂၅၀၀၀တောင် ပြန်မပေးသေးဘဲနဲ့များ'

'ဘယ်တုန်းက ချေးထားတာလဲ?မသိတော့ဘူး မင်းက၂၅၀၀၀တည်းနဲ့ ငါ့အပေါ်ငြိုငြင်ချင်တာလား'

'ဒုက္ခပဲ!ငါတကယ်အန်မိလိမ့်မယ်သူရ မင်းရဲ့အဲ့စိတ်ကောက်ချင်ယောင်ဆောင်နေတဲ့အခွက်ကြီးကို ပြင်စမ်းပါကွာ'

'ဘာဖြစ်လဲ ငါလည်းစိတ်ကောက်ချင်တာပေါ့ မရဘူးလား ဟွန့် ဟွန့်'

နှုတ်ခမ်းကြီးစူကာတဟွန့်ဟွန့်နဲ့လာလုပ်ပြနေတဲ့မျက်နှာကြမ်းကြီးကြောင့်ခစားရံအားရပါးရရယ်လိုက်မိသည်။ဒီကောင်ဟာလေတကယ်ငနောက်ပဲ။

My First Love is💛Where stories live. Discover now