My First Love is💛3

25.4K 2.1K 28
                                    

ဒီနေ့Sundayဖြစ်တာကြောင့် တစ်ပတ်မှာတစ်ရက်ပဲရတဲ့ အားလပ်ရက်လေးကိုကောင်းစွာ အသုံးချနေတဲ့ခစားရံ။ခုတင်ပေါ်မှာ ဘယ်ကနေ ညာကိုလှိမ့်လိုက် ညာကနေဘယ်ကိုလှိမ့်လိုက်ဖြင့် စောင်တွေနဲ့လုံးထွေးနေတာ အသက်ရှူကြပ်မှာတောင်စိုးရတယ်။

ချက်ချင်းခုတင်ပေါ်မှာနှပ်နေရာမှ ငုတ်တုတ်ထထိုင်ပြီး နာရီကိုကြည့်လိုက်မိတော့၇နာရီခွဲ!သူ့ရဲ့တစ်ပတ်လုံးBossကိုဟိုချောင်းဒီချောင်းလုပ်ပြီးရတဲ့လေ့လာတွေ့ရှိချက်တွေအရBossက၈နာရီခွဲဆိုတိုက်ခန်းရှေ့တစ်လမ်းကဆိုင်မှာမနက်စာစားလေ့ရှိသည်။မဖြစ်သေးပါဘူး။အိပ်ရာကအမြန်ထပြီး ရွှိုင်းနင်းကွိုင်းနင်းလေးလုပ် မတော်တဆတွေ့ဆုံမှုလေး ဖန်တီးရမည်ပင်။

စောင်ပုံကြားထဲကမနည်းထွက်ပြီးရေချိုးခန်းထဲပြေးဝင်လိုက်တော့သည်။ဪ...အချစ်အတွက်ဆိုမအိပ်ရလည်းနေပါစေ။

အမြန်အမြန်အင်္ကျီလဲပြီး တံခါးဆွဲဖွင့်လိုက်တော့ တိုက်ခန်းတံခါးပိတ်နေတဲ့Boss ငှဲငှဲ။

ဒီလောက်ဝရုန်းသုန်းကား ဖြစ်နေတာတောင် တစ်ချက်လေးလှည့်မကြည့်။

'Boss!'

သူအကျယ်ကြီး အော်ခေါ်လိုက်တော့ လန့်သွားပုံပင်။

'မင်း ဘယ်လိုဖြစ်လို့ အော်ကြီးဟစ်ကျယ် လုပ်နေတာတုန်း'

'ဟို Bossမကြားမှာစိုးလို့'

'မကြားရအောင် ငါကနားလေးနေလို့လား'

ပြောပြီးအောက်ဆင်းသွားတဲ့Bossကြောင့်သူ့မှာတိုက်ခန်းတံခါးအမြန်ပိတ်ပြီးနောက်ကပြေးလိုက်ရပြန်သည်။

'Boss... ဟောဟဲ'

*လှေကားပေါ်က ခုန်များချသွားသလား မှတ်ရတယ် ၃ထပ်တိုက်ကို ဘယ်လိုများ ဆင်းသွားပါလိမ့်*

ဆိုင်ထဲရောက်တော့ ချထားတဲ့ရေဘူးကို အမြန်မော့သောက်ရလေသည်။ Bossရဲ့ ခြေလှမ်းကျယ်ကျယ်တွေကို အမြန်အပြေးလေးလိုက်ထားရသည်မို့။

'အစ်ကို ပုံမှန်အတိုင်းပဲမှတ်လား'

'အေး'

Waiterကိုပြောနေတဲ့ Bossကို သူအခုမှ သေချာကြည့်မိတယ်။ Adidasနက်ပြာဝမ်းဆက်လေးနဲ့Bossက အိမ်နေရင်းT-shirtနဲ့JJ clubဘောင်းဘီအရှည်ကိုဝတ်ထားတဲ့သူနဲ့ ဆန့်ကျင်လှစွာ သူ့မျက်လုံးထဲ Styleကျ မိမိုက်လို့နေပြန်သည်။

My First Love is💛Where stories live. Discover now