Thadingyut Festival with Yan(extra-2)

17.8K 999 115
                                    

'ကိုကို ဖယောင်းတိုင်တွေယူလေ မီးထွန်းကြမယ်'

'ဪ ရံရံရယ် အစောကြီးရှိသေးတာကို ၈နာရီလောက်မှထွန်းပါလား'

ဖယောင်းတိုင်အနီလေးတွေကို ကိုင်ထားရင်း တက်ကြွနေတဲ့ကောင်လေးမှာ အမေရဲ့စကားကြောင့် ကြက်ပေါက်လေးလို နှုတ်ခမ်းစူစပြုလာလေသည်။

'အခုမှ၆နာရီပဲထိုးသေးတယ်လေရံရဲ့ အခုနေထွန်းလိုက်ရင် လင်းနေသေးတော့ဘယ်လှမလဲ အမေပြောသလို နည်းနည်းမှောင်မှထွန်းကြမယ်လေ နော်'

သူချော့ပြောတော့ ခေါင်းလေးငြိမ့်ပြလာလေသည်။ဒါပေမဲ့ လက်ထဲက ဖယောင်းတိုင်တွေကိုတော့မချ။
တယ်လည်းချစ်ဖို့ကောင်းလှချည်လားကွာ။

'အဲ့ဘဲနှုတ်ခမ်းလုပ်မနေနဲ့တော့ လာ ထမင်းစားကြမယ် ပြီးမှလုပ်ချင်တာလုပ် ဟုတ်ပြီလား'

အဲ့တော့မှ သွားလေးအဖြီးသားနဲ့ ဖယောင်းတိုင်လေးတွေကို ခုံပေါ်မှာချပြီး အမေကိုသွားချွဲနေပြန်ပါရော။ဘုန်းကြွယ်ဌေး တတ်နိုင်လွန်းတဲ့ အကောင်ပေါက်လေးကိုကြည့်ပြီး ပြုံးလိုက်မိသည်။

'ကိုကို!နောက်တစ်တိုင်'

'ကိုကို အနီရောင်'

'ကိုကို အဖြူရောင်'

ခစားရံသွားတဲ့နောက် တကောက်ကောက်လျှောက်လိုက်ရင်း ဖယောင်းတိုင်ရောင်စုံတွေကို တစ်ချောင်းပြီးတစ်ချောင်း လက်ထဲ ထည့်ပေးနေရသူမှာ ဘုန်းကြွယ်ဌေးသာ။

သီတင်းကျွတ်အားလပ်ရက်မို့ အမေ့ကိုလည်းကန်တော့ရင်း သူတို့အလည်လာကြခြင်းပင်။ အမှန်တိုင်းပြောရရင်တော့ ရံက အရမ်းပြန်လာချင်နေသည်မို့ တစ်ခြားကြောင့်တော့မဟုတ်။ သူဆော့ချင်လို့လေ။ဒါတောင် သူ့ဘော်ဒါဘော် ကျွတ်ကလေးတွေက ဗြောက်အိုးဖောက်ဖို့မဲလာဆွယ်သေးတာ။ဟိုကလေးဆို မျက်လုံးလေးတွေများ အရောင်ကိုလဲ့လို့။အမေက မကြီးမငယ်နဲ့မလုပ်ရဘူး ပြောလို့သာငြိမ်နေတာ ဒင်းလေးက။ဒါတောင်ပြီးရင် ငရဲမီးဆော့ရအောင်ဆိုပြီး လူကိုလာမျက်စပစ်ပြနေသေးတာ။တကယ်မလွယ်တဲ့ကောင်လေး။

'ဒန်ဒန့်ဒန်~~~ဟဲဟဲ လှတယ်ဟုတ် ကျွန်တော် တော်တယ်မလားကိုကို'

My First Love is💛Tempat cerita menjadi hidup. Temukan sekarang