My First Love is💛5

22.8K 1.8K 28
                                    

ဘုန်း!!!

'အ့'

နာသွားတဲ့လက်မောင်းကိုကိုင်ရင်း အောက်မှာပြန့်ကြဲသွားတဲ့ Designစာရွက်တွေကိုကြည့်ကာ သက်ပြင်းဖွဖွကိုချလိုက်မိသည်။

'တွေ့လိုက်တိုင်းအမြဲပျာယာခတ်နေတော့တာပဲ'

စာရွက်ကိုလှမ်းနေသောလက်များသည်ကြားလိုက်ရတဲ့ခပ်သြရှရှအသံတစ်ခုကြောင့်တန့်သွားမိလေသည်။မော့မကြည့်မိအောင် ကိုယ့်စိတ်ကိုယ်ထိန်းထားရင်း စာရွက်တွေကိုသာ အမြန်ကောက်နေမိတော့သည်။ အပေါ်အောက်မညီမညာဖြစ်နေတဲ့စာရွက်တွေကို ပြန်မစီနိုင်တော့ဘဲ လက်၂ဖက်နဲ့ပွေ့ကာ မတ်တပ်ရပ်ရင်း Bossကိုမကြည့်ဘဲ အရိုအသေတစ်ချက်ပေးကာထွက်သွားဖို့ ဟန်ပြင်တော့။

'နေဦး'

အရှေ့မှာလာပိတ်ရပ်တာကြောင့် ခေါင်းကိုသာငုံ့ထားမိသည်။

'ဘာလို့အခုတလော ငါ့ကိုရှောင်နေတာလဲ'

ကြားလိုက်ရတဲ့ အမေးစကားတစ်ခုကြောင့် ခေါင်းထဲမှာ သွေးတွေဒိန်းကနဲ ဆောင့်တက်သွားသလိုပင်။အယောင်ယောင်အမှားမှားနဲ့ သူ့ကိုကြည့်မိတော့ ကိုယ့်မျက်လုံးတွေကို စိုက်ကြည့်နေတာမို့ အကြည့်လွှဲမည်ပြုတော့။

'ဟမ် ဘာလို့လဲ'

မျက်ဝန်းစူးစူးတွေက အဖြေတစ်ခုကိုမရမချင်း လက်လျှော့မည့်ပုံမပေါ်တာကြောင့်။

'ကျွန်တော်အဲ့လိုမလုပ်မိပါဘူး Boss အထင်မှားနေတာနေမှာပါ'

သူ့မျက်ဝန်းတွေကိုတစ်ချက်ကြည့်ကာပြန်ဖြေတော့လူကိုမယုံသလိုနဲ့မျက်မှောင်ကြုတ်ကာ ကြည့်လာလေသည်။

'ဟို ကျွန်တော်အလုပ်ရှိသေးလို့ သွားခွင့်ပြုပါဦးBoss'

ပြန်ဖြေတာကိုလည်းမစောင့်နိုင်တော့ Bossဆူရင်လည်း သူခံလိုက်တော့မည်။ အခုလောလောဆယ်တော့ သူBossကို မျက်နှာချင်းမဆိုင်ချင်သေးပါ။ကိုယ် အရူးအမူးစွဲလမ်းနေမိတဲ့ ထိုလူသားမှာ ကိုယ်ယှဉ်လို့မရတဲ့ ပြည့်စုံတဲ့ အမျိုးသမီးလက်တွဲဖော်ရှိနေတယ်ဆိုတာကို လက်ခံနိုင်ပြီး သူ့ကိုဒီတိုင်းလေးငေးနေရရုံနဲ့ ကျေနပ်နေနိုင်တဲ့ အချိန်မျိုးရောက်ဖို့အထိတော့ ကျွန်တော့်အတွက် အချိန်လိုအပ်သည်မို့။Bossကိုမေ့ပျောက်ဖို့က ကျွန်တော့်အတွက် ခက်ခဲနေတုန်းမို့။Bossကို ဒီ တိုင်းလေးချစ်နေရုံနဲ့ တင်းတိမ်နိုင်တဲ့ အချိန်တစ်ခုရောက်ဖို့ ကြိုးစားနေချိန်မို့။ ကျွန်တော်Bossအပေါ်မှာ ထပ်ပြီးလောဘမတပ်မိအောင် ကြိုးစားနေတဲ့အချိန်မို့။ကျွန်တော့်ကိုခေတ္တတော့နားလည်ပေးပါ။

My First Love is💛Where stories live. Discover now