My First Love is💛2

31.5K 1.9K 9
                                    

'ကဲ ကိုယ့်လူတို့ ညနေရုံးဆင်းရင် Bossအတွက် ကြိုဆိုတဲ့အနေနဲ့ စားပွဲရှိတယ်ဟေ့'

ပြောလာလေတဲ့ဂျာကြီးစကားကြောင့်အလိုလိုနေရင်းပြုံးလိုက်မိသည်။ဟီး Bossမျက်နှာလေးကိုတွေ့ခွင့်ရပေဦးမည်။

'ရေး...စားပွဲဆိုကိုယ်တွေအကြိုက်ပဲ ငှဲငှဲ'

ပြုံးဖြီးပြီးပြောလာတဲ့ကိုမင်းရဲ့အသံကြောင့် ဌာနကလူတွေရယ်လိုက်မိကြသည်။ကျွန်တော်တို့ဌာနက Shoe designတာဝန်ယူရပေမဲ့ ယောက်ျားလေးကြီးပဲ ၅ယောက်ရှိတယ်။အဲ့တော့နေရတာတော်တော်တော့လွတ်လပ်သားရယ်။ညနေ ကျွန်တော်တို့စားပွဲရောက်တော့ ဌာနအများစုက လူတွေရောက်တောင်နေကြပြီ။Marketingပိုင်း ထုတ်လုပ်ရေးပိုင်းစသည်ဖြင့်...။

ထိုလူတွေကြားထဲမှာတော့ ကျွန်တော့်လူကြီး။ ခုံလွတ်တဲ့နေရာကိုကြည့်လိုက်တော့ လူကြီးရှေ့မှာ၂ခုံနဲ့ ဘေးအစွန်နားလောက်မှာ၃ခုံလောက်လွတ်သေးသည်။ဘေးခုံမှာဝင်ထိုင်ဖို့သွားတုန်းရှိသေး ဂျာကြီးကလက်ကိုဆွဲကာ Bossအရှေ့ကခုံမှာဝင်ထိုင်လိုက်လေတာကြောင့် သူ့မှာမျက်လုံးအပြူးသားနှင့်။မြတ်စွာဘုရား Bossနဲ့မျက်နှာချင်းဆိုင်တည့်တည့်မှာကကျွန်တော်။Bossက ကျွန်တော့်ကိုကြည့်လာလေတာကြောင့် ခေါင်းငုံ့ပြီး အရိုအသေပေးလိုက်တော့ Bossရဲ့ နှုတ်ခမ်းတစ်စုံကတွန့်ချိုးသွားသယောင်။

ဘေးကဂျာကြီးကတော့ Bossကို စကားတပြောပြောနှင့် သူဌေးအသစ်ကို ဖားနေလေသည်။အကျင့်မကောင်းတဲ့ဂျာကြီး သူ့ဘာသာ တစ်ယောက်တည်းမထိုင်ဘဲနဲ့ ဘယ်သူကဒီလို သူဌေးအသစ်နဲ့ သောက်စားမယ့်နေရာမှာ မျက်နှာချင်းဆိုင်ထိုင်ချင်ကြမှာလဲသိရဲ့သားနဲ့။အင်း ဒါပေမဲ့လည်းရပါတယ်လေ။အရှုံးထဲ ကအမြတ်ဖြစ်အောင် Bossကိုပဲထိုင်ငမ်း အဲ ထိုင်ငေးနေလိုက်မယ် ငါကွ!

'မင်းနာမည် ဘယ်လိုခေါ်လဲ'

အသားကင်၂ဖပ်ကိုပါးစပ်ထဲထိုးသွင်းနေတုန်းကြားလိုက်ရတဲ့အသံကြောင့် ခစားရံ အရှေ့ကိုကြည့်လိုက်မိသည်။

'ကျွန်တော့်ကိုမေးတာလား?'

ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးရင်း မေးလိုက်မိတော့။

My First Love is💛Where stories live. Discover now