အခန်း3

782 106 1
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း (၃) အရူးလို သွေးအန်ခြင်း

လုဇြီ မျက်တောင်တဖျက်ဖျက် ခတ်လိုက်သည်။ သူ မူးဝေနေသလို ခံစားနေရ၏။ သည်နေ့ခေတ်က ဘာတွေဖြစ်ပျက်နေတာလဲ။ သူ့လက်ထဲက အလုံးလေးတွေက ရတနာတွေမှန်း သိသာပေမယ့်လည်း အခုတော့ပျောက်ကွယ်သွားလေပြီ။

လုဇြီ အသည်းနာလာသည်။

ပိုဆိုးသည်က သူ မတိုင်မီက သတ်ခဲ့သည့်  ယုန်နှင့် အရွယ်အစားတူသည့် အဖြူတစ်ကောင်၊ အနက်တစ်ကောင်က ရှေ့နားရှိ မြက်တွေကြားမှ ထွက်လာခဲ့တာပင်။သူတို့က သွေးရူးသွေးတန်းနဲ့ သူ့ဆီ အသားကုန်ပြေးလာနေသည်။ မြက်ပင်တွေကို လေတိုးသံကလည်း ကျယ်လောင်စွာ ထွက်ပေါ်နေ၏။

လက်ရှိတွင် လုဇြီအဖို့ တခြားသော အကြောင်းအရာတို့ကို မစဉ်းစားနိုင်ပါချေ။ သူ့ရင်ဘတ်က နာကျင်နေသည်။ သူ့လည်ချောင်းက ခြောက်ကပ်ပြီး ကျိန်းစက်နေကာ ခြေထောက်တွေကလည်း သူပိုင်တာမဟုတ်သလို ထုံကျင်နေသည်။ သူ့ခမျာ ရှိသမျှအားအကုန်ထုတ်ပြီး ပြေးလွှားနေရသည်။

တဖြေးဖြေးနဲ့ သူ့နောက်လိုက်တဲ့ ယုန်တွေက ပိုပိုများလာသည်။ ထိုယုန်တွေက သူ့နောက်ကို စီတန်းပြီး လိုက်နေတာဖြစ်လို့ သူက ကလေးတွေရှေ့ ဦးဆောင်ပြေးကာ ဆော့နေသည်နှင့်ပင်တူလောက်သည်။

" ဟုတ်တာပေါ့ အဲ့ယုန်တွေက ပါးစပ်အကျယ်ကြီးတွေသာ မဟထားရင် ကလေးတွေနဲ့ တူမွာပါ "

လုဇြီရဲ့ အသိစိတ်တွေ ေ၀ဝါးတော့မလို ဖြစ်လာတဲ့အချိန်တွင် သူ့နောက်လိုက်နေတဲ့ ယုန်တွေရဲ့ နားရွက်တွေက ထောင်တက်သွားပြီး ခန္ဓာတွေက  အေးခဲသွား၏။ တခဏကြာမှသာ ယုန်တွေအားလုံး နေရာခွဲပြေးကာ ခြုံပုတ်တွေထဲ ၀င်ပြေးကြသည်။

လုဇြီကေတာ့ အသံပဲကြားလိုက်တာဖြစ်သည်။ သူ သေချာမမြင်လိုက်ရပေ။ သူ နောက်ဘက်ကို ပင်ပန်းစွာ ချောင်းကြည့်လိုက်သည်။ သူ့နောက် အသည်းအသန်လိုက်ကာ အမဲလိုက်နေတဲ့ ယုန်တွေ အကုန် ပျောက်ကွယ်သွားလေပြီ။ သူ့စိတ်က သက္သာရာရသြားကာ ခန္ဓာက မြက်ခင်းပေါ် လဲကျသွားတော့သည်။ တခဏကြာ အနားယူပြီးမှသာ ဖြေးဖြေးချင်း ပြန်ထထိုင်ဖြစ်သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now