အခန်း136

214 30 1
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၃၆ (ပြင်းပြင်းထန်ထန်ကို သရုပ်ဆောင်နေတော့တာပဲ)

လူထုက ချက်ချင်းပင် ကိုးရိုးကားယား နိုင်သွားသည်။ လုဇြီကို ကြည့်နေတဲ့ လူတိုင်း လူတိုင်းက ဆွံ့အနေကြသည်။ ဒီကောင် ဘယ်လိုဖြစ်ပြီး ဒီလောက် သရုပ်ဆောင်နိုင်စွမ်းကြီးမားရတာလဲ။

ဘာရီရဲ့နှုတ်ခမ်းတွေက ရှုံ့မဲ့နေ၏။ သူက နန်ကုန်းကျင်းကို မှင်သက်စွာကြည့်ရင်းပြောသည်။

အဓိကဗိုလ်ချုပ်နန်ကုန်း မင်းရဲ့ကျောင်းသားက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ

နန်ကုန်းကျင်းရဲ့ လွပတဲ့ မျက်နှာလေးက တောင့်တင်းနေရင်း သူက ဟိန်းဟောက်သည်။

မျိုးမစစ်ကောင် ငါ ငါးအထိရေမယ် နင် အဲ့အချိန်ထိမြေပြင်မှာ လှဲနေသေးမယ်ဆိုရင်တော့ နင်အိပ်ယာထဲမှာ တစ်လလောက်လဲနိုင်အောင် ငါရိုက်ရလိမ့်မယ်

လုဇြီက မြေပြင်မှာလဲကာ နာကျင်ချင်အောင်ဆောင်နေရာက ချက်ချင်းပင်ထိုစကားကိုကြားတော့ တောင့်တင်းသွားခဲ့သည်။

နန်ကုန်းကျင်းစတင်ရေတွက်တာနဲ့ လုဇြီက ချက်ချင်းထရပ်သည်။ သူက ကိုးရိုးကားယားပြုံးရင်း နန်ကုန်းကျင်းကို ပြော၏။

အန်း ကျွန်တော့်ရဲ့ ဒဏ်ရာတွေ သက်သာသွားပြီ

လူတိုင်းလူတိုင်း 

မင်းဘာဒဏ်ရာမှ မရခဲ့ဘူးဆိုတာကို ဘယ်သူကမသိဘဲနေလို့လဲ။ဘီလီရဲ့ မျက်နှာက စိမ်းရာက နီသွားခဲ့သည်။ သူက အေးစက်စွာပြော၏။

မင်း ငါ့ကို တမင်လုပ်နေတာမဟုတ်လား

လုဇြီက ကျက်သေသေသွားလေရင်း လည်ပင်းလေးကို ဆန့်လိုက်သည်။

အန်း မင်းက လူကောင်းတစ်ယောက်ဆိုတာကို ငါခံစားမိတယ်လေ မင်းရဲ့တိုက်ခိုက်ချက်က တော်တော်လေး ကြီးမားမှန်းသိသာပါတယ် ဒါ့ကြောင့် ငါမင်းနဲ့ တကယ်ယှဉ်ပြိုင်ချင်တာပါ

လုဇြီက ဘီလီရဲ့ စိတ်ရှုပ်သလိုအကြည့်ကိုကြည့်လိုက်လေရင်း ပြောလိုက်သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now