အခန်း80

293 48 7
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၈၀  ငါ့အခန်းကိုလာဦး

အခန်းထဲတွင် လုဇွီတစ်ယောက် ကွန်ပျူတာကိုကြည့်နေသည်မှာ အတော်လေး စိတ်ရှုပ်လာပုံရသည်။

သူ့ရဲ့ပျင်း၇ိနေတယ်ဆိုတဲ့ ဝိဉာဉ်ချီက သေမျိုးဆင့်ကဲဖြစ်စဉ်အထက်အဆင့်ရဲ့ သငေ်္ကတသဖွယ်ဖြစ်နေတာကိုသိလိုက်ရတော့ လုဇြီရဲ့ ခံစားခ်က္ကို ဖော်ပြဖို့ပင် ခက်ခဲသွားသည်။

" စွမ်းအားဟုတ်လား သူက အသစ်လေးပဲရှိသေးတာပါ"

"အေးအေးဆေးဆေးနေစမ်းပါ ဒါက အစွမ်းထက်တဲ့ဖြစ်တည်မှုတွေနဲ့ နည်းနည်းဆင်နေတာဖြစ်မှာပါ

သူ့လိုလူမျိုးက အရ်ိုက်ခံရပြီး ချောက်ကမ်းပါးပေါ်က ပြုတ်ကျသွားသင့်တာမလား "

သူစိုးရိမ်လာပြီ။လုဇွီ သက်ပြင်းချပြီး သူ့ခေါင်းကိုသာ ပွတ်နေတော့သည်။

ဘာပဲဖြစ်ဖြစ်ပါ သူလမ်းလွဲရောက်သွားတာထက်စာရင်တော့ ကောင်းတယ်ပြောရမှာပဲ

လုဇွီသည် ကွန်ပျူတာကိုပိတ်လိုက်သည်။ နောက် သူထိုင်ချလိုက်ပြီး နောက်တစ်ကြိမ်ထပ် ကျင့်ကြံကြည့်ဖို့ ပြင်လိုက်သည်။သို့သော် ထိုအခိုက် သူ့မျက်လုံးတွေ ပြန်ဖွင့်လာခဲ့သည်။သူ့မှာ အကြံဆိုးရှိတယ်။

ကျင့်ကြံတာခြင်းတူတူ အလင်းလုံးတွေကို အရင်သုံးပြီးမှပဲ ကျင့်ကြံတာကပိုမကောင်းဘူးလား

ဒါဆို ပိုသက်ရောက်မှုရှိမယ်မလား

လုဇြီ ချက်ချင်းပင် ထိုအကြံကို အကောင်အထည်ဖော်လိုက်သည်။သူကစိတ်ကြားခံနယ်ထဲမှာတင် အလင်းလုံးတွေကို အသုံးပြုလိုက်သည်။ ထို့နောက် သူ့ကိုယ်အနှံ့ ပြင်းထန်လွန်းသော စွမ်းအင်တို့ဖြန့်ကျက်လာတော့သည်။
သူ မျက်လုံးတွေမှိတ်လိုက်ပြီး ချီဆွဲဆောင်ခြင်းဂါထာကိုရွတ်ဆိုလိုက်သည်။

ချီဆွဲဆောင်ခြင်းဂါထာရဲ့လမ်း ညွှန်မှုအောက်တွင် သန့်စင်ကာ ပေါက်ထွက်မတတ်များပြားတဲ့ စွမ်းအင်တို့ကစီးချက်ကျစွာ စီးဆင်းလာသည်။ထိုစွမ်းအင်တို့က နှစ်ပိုင်းကွဲသွားသည်။ တစ်ပိုင်းက လုဇြီကိုယ္ကိုသာ လုပ်ပိုင်ခွင့်ပေးအပ်ပြီး ဖြန့်ကျက်နေသည်။ အျခားတစ္ခုကေတာ့ ပြင်ပမှ ချီတို့ကို ခန္ဓာထဲ ဆွဲယူနေသည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now