အခန်း129

221 29 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၂၉(ဒါက တံခါးကို နည်းလမ်းမှားပြီး ဖွင့်မိတဲ့အကျိုးကျေးဇူးပဲ)

နန်ကုန်းကျင်းရဲ့ ရှင်းပြချက်ကိုလည်းကြားရော လုဇွီတစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသလို ခံစားလိုက်ရသည်။ နန်ကုန်းကျင်းနဲ့ လျှိုပင်းချင်းတို့က အဓိကဗိုလ်ချုပ်တွေဖြစ်နေသည်ကို မအံ့သြတော့ပါချေ။ သူတို့က လူငယ်မှူးမတ်တွေလည်းဖြစ်ကြသလို သေမျိုးအဆင့်ကဲပြောင်းလဲခြင်းအဆင့်ကိုလည်း ရောက်ရှိနေကြပြီဖြစ်သည်။ တိကျစွာပင် သူတို့တွေအားလုံးက သိုင်းအမှတ်တွေလည်း များစွာပိုင်ဆိုင်ထား ကြပြီးဖြစ်၏။ ဒါကြောင့်သာ အခုလိုမြင့်မြတ်တဲ့ ဂုဏ္ပုဒ္ကို ရရှိထားကြခြင်းဖြစ်သည်။ ဒီအကြောင်းကို တွေးမိတော့ လုဇြီရဲ့ မျက်လုံးတွေက မြင့်တက်လာရင်းပြောလိုက်သည်။

ဆိုလိုတာက ကျွန်တော့်မှာလည်း စစ်ရမှတ်တွေရမယ်ဆိုရင် ကျွန်တော်လည်း ရထူးတိုးနိုင်တာပေါ့ ဟုတ္လား

လင်းလင်က သူ့ရဲ့ထိပ်မှာ ဘယ်လိုဖြစ်ပြီး ရှိနေနိုင်မှာလဲ။

ဖြီး အဓိပ္ပါယ်ကို မရွိတာ။

နန်ကုန်းကျင်းက ခေါင်းငြိမ့်သည်။ အင်း

အခြေစိုက်စခန်းက ကျယ်ပြောလှကာ အလိုအလျောက်မောင်းနှင်သည့် စက်တွေပါဝင်သည့်လမ်းပေါင်းများစွာကလည်း တည်ရှိသည်။ ထူးခြားသော အချို့နေရာတွေက လွဲရင် မင်းရဲ့ အသိအမှတ်ပြုကတ်ပြားနဲ့ မင်းသွားနိုင်တဲ့နေရာက အတော်များများရှိပေသည်။

အခြေစိုက်စခန်းက စစ်သားတွေအပြင် အချို့တွေက ကိုယ်ပိုင်မိုင်းတွင်းတွေကိုပိုင်ဆိုင်သလို စစ်သည်တွေနဲ့ အခြားပိုင်ဆိုင်မှုပစ္စည်းတွေကိုလည်း ပိုင်ဆိုင်ထားကြသည့်ရာထူးကြီးတွေရှိကြသည်။

ဒါ့အပြင် ဖျော်ဖြေရေးကဏ္႑တွေလည်း ရွိပါ၏။ သူတို့ရဲ့အားလပ်ရက်တွေတွင် စစ်သည်တွေက ထိုဖျော်ဖြေရေးဌာနတွေကို သြားကာ အပျော်အပါးရှာနိုင်ပေသည်။

အနည်းငယ်ကြာသည့်အခါ သူတို့သုံးယောက်က ခြံဝန်းရှေ့သို့ ရောက်လာသည်။ ထိုခြံဝန်းတွင် ငါးထပ်တိုက်အဆောက်အဦကြီး နှစ်လုံးရှိသည်။ နန်ကုန်းကျင်းပြောလိုက်၏။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now