အခန်း28

319 51 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၈ ဆိုးသွမ်းတာက ဗီဇပါလာတာ...

အိမ္သာထဲက ထွက်လာတဲ့အခါမှာတော့ ညရှစ်နာရီပင် ထိုးနေခဲ့ပြီ။ နောက် သူအခန်းထဲ ပြန်၀င်လိုက်၏။

ထိုအခိုက် သူက မျက်လုံးမှိတ်ပြီး အမဲလိုက်ကြားခံနယ်မြေထဲ တန်း၀င်ချင်နေတော့သည်။ နောက် သူ့စိတ်အခြေအနေက လိုက်လျောညီထွေဖြစ်လာ၏။
လုလီအတြက္ကေတာ့ သူ့မှတ်စုလေးတွင် တေးမှတ်ထားပြီးဖြစ်သည်။

လုဇြီ တင်ပလ္လင်ခွေထိုင်လိုက်ပြီးနောက် အမဲလိုက်ကြားခံနယ်မြေထဲသို့ ေ၇ာက်သွားတော့သည်။
ခပ်ဖျော့ဖျော့ လေတွေနဲ့အတူ မြက်ခင်းနံ့တွေ၊ မြေကြီးနံ့တွေက သူ့နှာခေါင်းကို လာကျီစယ်သည်။ ကောင်းကင်က နေတော့ နွေးထွေးတဲ့ ေ၇ာင်ခြည်ကို လွှတ်ထုတ်နေသည်။

အဝေးတစ်နေရာမှ သိပ်မကျယ်တဲ့ ဟိန်းဟောက်သံကို ကြားလိုက်ရတဲ့အခါ လုဇွီချက်ချင်းပင် မျက်နှာချင်းဆိုင်ဘက်ကို ပြေးတော့သည်။

" ဒီနေ့၇ာသီဥတုကောင်းနေတော့ ယုန်တွင်းတူးဖို့ အသင့်တော်ဆုံးပဲ "

မီတာရာကျော်လောက်ကိုသူသွားပြီးနောက် ရုတ်တရက် သူ့ဦးနှောက်ိကို သစ်သားချောင်နဲ့ ထိုးနေသလို ခံစားချက်မျိုး ခံစားလာရကာ ပြင်းထန်တဲ့ နာကျင်မှုကို ကြုံရတော့သည်။သူခေါင်းကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ပုစြန္တုပ္လို ကွေးလိုက်သည်။

" ဘာဖြစ်တာလဲ "

" တစ်ယောက်ယောက်က ငါ့ကိုသတ်ချင်နေတာများလား "

" ဒီယုန်တွေက သိုင်းအသစ်သင်ပြီးတော့များ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ လုပ်နေတာလား "

လုဇြီ ယုန်တွေကိုခ ျက်ချင်း တွေးမိသွားသည်။

သူ နှုတ်ခမ်းကိုက်ကာ မျက်မှောင်ကြုတ်ပြီး တုန်တုန်ယင်ယင်နဲ့ ရွေ့လိုက်သည်။

နာကျင်မှုတွေက ငါ့ကို မထိခိုက်စေနိုင်ဘူး နာကျင်မှုတွေကြောင့် ငါပိုပြီး သန်မာလာရမယ်

ဒါက သူငယ်စဉ်က အပြောများသော ၁၈ကြောင်းမြောက် စကားဖြစ်သည်။ ထိုသို့ပြောလိုက်တဲ့အခါ သူ့ပုံရိပ်က အရမ်းသတ္တိရှိပုံပေါက်ပြီး အရမ်းခန့်ညားနေမယ်လို့သူထင်သည်။နာကျင်မှုကို တောင့်ခံပြီး သက်တောင့်သက်သာ နေနိုင်အောင် သူကြိုးစားတော့သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now