အခန်း144

216 29 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၄၄ ငါတို့ကိုကျော်ပြီး မင်းဘယ်လောက်တောင်မှ စွမ်းအားကြီးချင်နေရတာလဲ

ဂြိုလ်နှစ်ဆယ့်ငါးတွင်တော့ လေပြင်းတွေက ရုတ်ရင်းကြမ်းတမ်းစွာတိုက်ခိုက်နေဆဲဖြစ်သည်။ လူတိုင်းလူတိုင်းက အစိမ်းရောင်အလင်းတွေတဖျက်ဖျက်လက်နေတဲ့ပုံရိပ်လေးက သဲမှုန်အနည်းငယ်တောင်မှ ထိစင်ခြင်းမရှိဘဲ ရပ်နေတာကိုတွေ့လိုက်ရသည်။

အားလုံးအေတြးနက္သြား၏။ ဒီပုံပန်းသွင်ပြင်အရှိန်အဝါမျိုးက

သူကဆယ့်ရှစ်နှစ်သာရှိသေးကာ အမြုတေသိုင်းစစ်သည်အဆင့်က သဲသိမ်းငှက်ကိုလက်သီးနှစ်ချက်နဲ့ သတ်ဖြတ်ခဲ့သည်။ ဒီစွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းပါ၏။ ထိုအခိုက်လုဇွီကကောင်းကင်ကနေ သဲသိမ်းငှက်ဘေးသို့အသာလေးဆင်းလာသည်။

သူက သိမ်းငှက်ကိုငုံ့ကြည့်လိုက်လေရင်း မေးစေ့ကိုပွတ်ကာ စဉ်းစားတွေးတောနေပုံရသည်။

လူတိုင်းက စူးစမ်းသလိုကြည့်နေတဲ့အခါမှာဘဲ လုဇွီကချက်ချင်းပင် အတောင်ပံတစ်ခုကိုဖမ်းဆုပ်ရင်းပြုံးလိုက်သည်။ ထို့နောက်လုဇွီကထိုသိမ်းငှက်ကြီးကို အတောင်ပံမှဆွဲကိုင်ကာ ယာဉ်ပေါ်သို့တရွတ်တိုက်ဆွဲခေါ်လာခဲ့သည်။ လုဇွီချက်ချင်းပင်ပြေးသွားရင်းပြောလိုက်၏။

အားလုံးပဲ ဒီနေ့တော့ ဒီသဲသိမ်းငှက်ကိုပဲစားလိုက်ကြတာပေါ့။ ဒါနဲ့သူ့ကိုစားဖူးကြလား။ အရသာဘယ်လိုနေလဲ

လူတိုင်း

ဘာလဲဒါက ဒီကောင်က တစ်စုံတစ်ရာကိုသေချာပေါက်အတွေးနက်နေတယ်လို့ထင်နေခဲ့ပေမဲ့ ဒီကောင်တွေးနေတာကတော့ အစားအသောက်ဖြစ်နေသည်။

မင်းရဲ့ပုံရိပ်ကိုလဲထိန်းသိမ်းစမ်းပါဦးဟ။

လူတိုင်းလူတိုင်းက သူတို့ရင်ဘက်ကိုဖိလိုက်ကြသည်။ ဒီကောင်က ပုံစံအမျိုးမျိုးပြောင်းနေတော့တာပဲ။ သူတို့တောင်မှလိုက်မမှီနိုင်တော့ဘူး။

စစ်သားတွေအားလုံးရဲ့စိတ်ထဲက လုဇြီရဲ့ပုံရိပ္က အက်ကွဲသွားရသည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now