အခန်း12

335 58 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၂ မယုံနိုင်လောက်အောင်

လုဇြီရဲ့ အပြုံးတို့ အေးခဲသွားရကာ လုလီရဲ့ချိုသာတဲ့အသံကို ကြာလိုက်ရ၏။

အကိုကြီးက ဒီလောက်ယုံကြည်မှုရှိနေမှတော့ လီကကိုယ့်ကိုယ်ကိုယ် ထိန်းစရာ မလိုတော့ဘူးပေါ့

ခဏေလး
လုဇြီ ခပ်မြန်မြန် ပြောလိုက်ရသည်။

လုလီက လုဇြီအား ပြုံးပြနေ၏။ သူမေလးရဲ့ သလင်းကျောက်တွေလို တောက်ပသည့် မျက်၀န်းတို့ထဲ စိတ်ရှုပ်နေသည့် အရိပ်အယောင်တွေက အပြည့်ပင်။

ဘာဖြစ်လို့လဲ လီက အကိုကြီးရဲ့ ယောင်္ကျားဆန်တဲ့ဘက်ခြမ်းကို မြင်ဖူးချင်နေတာလေ

လုဇြီရဲ့ နှုတ်ခမ်းတို့ ရှုံ့မဲ့သွားရပြန်ပြီ။လုဇွီက သူဗိုက်အောင့်နေတယ်လို့ အကြောင်းပြဖို့ စဉ်းစားနေတာပင်။ သို့သော် လုလီက ထိုသို့ပြောလာတော့လည်း ဒီအကြောင်းပြချက်ကို သုံးဖို့မသင့်တော့။

သူက ရင်ကော့လိုက်ပြီး..

နင်က အဆင့်ရှစ်ပဲရှိသေးတာမလား ဒီလောက်ကတော့ ငါမစိုးရိမ်ပါဘူး

သူတိုက်ခိုက်ရမယ်ဆိုတော့လည်း တိုက်ခိုက်ရမယ်ပေါ့ အများကြီးတော့ တွေးမနေတော့ဘူး။ သူ့ကိုယ်မှ ခပ်ဖျော့ဖျော့ အဖြူအလင်းတို့ဖြာထွက်လာသည်။ သူက တိုက်ပွဲ၀င်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။ထိုခပ်ဖျော့ဖျော့အလင်းတို့ကို ကြည့်ကာ လုလီ အံ့အားသင့်သွား၏။

နင်

သူမရဲ့ နီရဲနေတဲ့ နှုတ်ခမ်းပါးလေးက ခပ်ဟဟဖြစ်နေကာ လုဇြီကို လက်ညိုးထိုးထားရင်း စကားသံထွက်မလာတော့ပေ။

ဘာဖြစ်လို့လဲ
လုဇြီ စိတ်ရှုပ်သလို မေးလိုက်၏။

အဖြူရောင်အလင်းတွေ ထွက်နေတယ်။ဒါက အဆင့်သေးတစ်ဆင့်မှာ ပြီးပြည့်စုံသော သန့်စင်ခြင်းအဆင့်ထိ ရောက်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။

လုလီရဲ့ နူးညံ့တဲ့ အပြုံးက ပျောက်သွားသည်။

ဘာတွေဖြစ်နေလဲဆိုတာကိုရော နင်သိရဲ့လား။နင်အခုထိ အဆင့်လေးပဲဆိုတာ ဟုတ်ရဲ့လား။ ဘယ်လိုဖြစ်နိုင်မှာလဲ

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now