အခန်း72

287 52 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း(၇၂) ကလေးတွေကသာ ရွေးချယ်ရမယ်

အချိန်တွေက လျှင်မြန်စွာ ကုန်ဆုံးနေကာ ၀င်ခွင့်အာမခံရတဲ့ ကျောင်းသူကျောင်းသားတွေကလည်း စင်မြင့်ပေါ် တစ်ယောက်ပြီး တစ်ယောက် တက်နေရလေသည်။ ထိုကျောင်းသူကျောင်း သားတွေ  အားလုံးကို ကျောင်းတွေကသာ ရွေးချယ်ခြင်းဖြစ်၏။

ထိုသို့ဖြင် ထိုကျောင်းသူကျောင်းသားတွေက သူတို့ တတ်ရောက်ချင်တယ်တဲ့  ကျောင်းတော်ကို ရွေးချယ်ခွင့်ရှိကြသည်။

တတိယေနရာကေတာ့ တောင်းတာပါ  နာရီအနည်းငယ်ကြာတော့ အကြီးအကဲလင်းက တောင်းတာရဲ့ နာမည်ကိုခေါ်လိုက်သည်။လုဇွီက ထိုစဖြိုးတဲ့ ကောင်လေ စင်ပေါ်ပြေးတက်သွားတာကို မြင်လိုက်သည်။

သူရဲ့ မျက်နှာတွင် တောက်ပတဲ့ အပြုံးတို့ပေါ်လာ၏ ။လူဇြီ မေးစေ့ပွတ်လိုက်သည်။ ဒီကျောင်းသားအတွက်တော့ သူ့တွင် အမြင်ကောင်းရှိပေသည်။ ဒီကောင်လေးက လင်းလင်နဲ့ အတူတိုက်ခိုက်ခဲ့တဲ့ ကောင်လေးမဟုတ်လား... လုဇြီ လင်းလင်ကို လှည့်ကြည့်လိုက်၏

လင်းလင်ကလည်း သူ အကြည့်ကိုသတိပြုမိပုံရကာ ခေါင်းငြိမ့်ပြရင်း ပြောလိုက်သည်။ တောင်းတာက တော်တော်လေး သန်မာတယ်

ဖန်သားပြင်တွင်လည်း တောင်းတာရဲ့ လုပ်ဆောင်ချက် မှတ်တမ်းကို ပြသနေသည်။ ကျောင်းသူကျောင်းသားတွေ အားလုံးက ပိုးကောင်အုပ်ကြီးကြားတွင် ၀န်းရံခံနေရသည်။ ထိုအချိန်တွင် တောင်းတာလည်း ပေါ်လာ၏။  သူရဲ့ ဝြဖိုးတဲ့ မျက်နှာလေက  လေးနက်နေပုံရသည်။

သူက သူရဲ့ ဓါးကို ဝှေ့ရမ်းလိုက်တဲ့ အခါမှာတော့ သူရဲကောင်းဆန်သည့် အမူအရာပုံစံဖြစ်ပေါ်လာစေသည်။ တောင်းတာက သူရဲ့ ဗီဒီဖိုင်လေးကိုပြန်ကြည့်လိုက်ရင်း လေးစာလာရသည်။

ငါတော်တော်ခန့်ညားတာပဲ ဒါက လုဇြီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ယှဉ်နိုင်ရဲ့လား .....သူလည်း သူ့ကိုသူတောင် တော်တော်လေးစားမိတယ် ...သူ့မှာ ပရိတ်သတ်တွေ ဘယ်လောက်များများရနေပြီလဲ ဒီကြောင်းကို တွေးမိတာနဲ့ သူတော်တော်လေး စိတ်လှုပ်ရှားလာရသည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now