အခန်း175

199 24 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၇၅ မေပ်ာ္ဘူး...

သတင်းရသည်နှင့် အဆင့်မြင့်သူတွေက အကာသလမ်းကြောင်းကို ပိတ်ဆို့ကြတော့သည်။ နှစ်ဘက်လုံးဟာ တိုက်ပွဲစတာနဲ့ ဆုံးရှုံးမှုတွေရှိလာသည်။

ဓားနတ်ဆိုးတွေဘက်မှ ထပ်မံရောက်ရှိလာသည့် သဘော်ပျံတွေမရှိသမျှ ဝိဉာဉ်သတၳုတွေကို ထပ်မံတူးယူသွားမည်ကို စိုးရိမ္စရာ မလိုတော့ပါပေ။

အာကာသပြင်လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီဖြစ်ရာ အခြေစိုက်စခန်းကို ဘယ်လိုတိုက်ခိုက်ပြီး ရွှေတွေရအောင်ယူမလဲဆိုတာကိုသာ တွေးရတော့မည်ဖြစ်သည်။

တစ်ချိန်ထဲတွင်ပင် ကျန်ရှိသောဝိဉာဉ်သတၳုတွေကို ဓားနတ်ဆိုးတွေ မခိုးယူ
ဖို့ရာ သူတို့သေချာစောင့်ကြည့်နေဖို့လည်း လိုသေးပေသည်။

သူတို့က ဗဟိုအစိုးရစစ္တပ္ကို ဓားနတ်ဆိုးမျိုးစိတ်မှ အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးတွေကို စောင့်ကြည့်ပေးဖို့ အကြောင်းကြားထားရသေးပေသည်။

လက်ရှိ ရှိနေတဲ့ ဝိဉာဉ်သတၳုပမာဏက အထွတ်အထိပ်ပုဂ်ရိုလ်ကြီးတွေ ဝင်ပါဖို့လောက်အထိ မလုံလောက်ပေ။သို့သော် ဝင်ပါခဲ့ပါက ကိစ္စတွေက ကောင်းလာတော့မည်မဟုတ်။

ဓားနတ်ဆိုးတွေလည်း ထိုသို့တွေးနေကြသည်ပေ။

လက်ရှိအချိန်တွင် သူတို့အလုပ်ချင်ဆုံးဟာ တူးယူပြီးသမျှ ဝိဉာဉ်သတၳုတွေကို ပြန်ပို့ခြင်းသာဖြစ်သည်။

အဆင့်မြင့်သူတွေဟာ များစွားသော ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြသည်။ လုဇြီကေတာ့ နားမလည်ပေမယ့် လင်းလင်က နားထောင်နေရတာကို သဘောကျနေပုံရသည်။

ဒီအကြောင်းအရာတွေကို နားထောင်ရင်း သူ့ခေါင်း ကြီးလာတယ်လို့ လုဇြီ ခံစားလာရသည်။သူကတော့ အများကြီးမသိပေမယ့် တိုက်ရိုက်တိုက်ခိုက်တာမျိုးကိုပဲ နားလည်သည်။

နာရီအနည်းငယ်ကြာသော် အဆင့်မြင့်သူတွေ ဆွေးနွေးလို့ပြီးသွားသည်။သူတို့က တပ်ဖွဲ့တွေကို တိုက်ပွဲနယ်မြေတွင် နယ်မြေခွဲခြား ချထားပေးသည်။
အခုအချိန်ကတော့ တိုက္ခိုက္ဖို့ အချိန်မကျသေးပေ။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now