အခန်း197

194 22 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၉၇ သူက ရည်မှန်းချက်ကြီးတဲ့ လူငယ်လေး..

မြောက်များလှစွာသော လေဓားတွေ ပြည့်နှက်နေသည်ကို လုဇွီကြည့်ရင်း ရယ်လိုက်သည်။

ဟ ကောင်းလိုက်တာ.

သူက လေနတ်စွမ်းအင်ကို သုံးနိုင်တဲ့ လူချောလေးလေ.

ဒီအဆင့် လေနတ်စွမ်းအင်က.. အဟွတ်. ကောင်းပြီ သူတတ်နိုင်တာထက် မဆိုစလောက်လေး သာတယ်ပဲထားပါတော့

ဒါပေမယ့် ဘာဖြစ်လဲ သူ့မှာ နတ်စွမ်းအင်လေးမျိုးတောင် ပိုင်တာလေ.

လုဇြီ့မ်က္လုံးထဲ အစိမ်းရောင်အလင်းတွေ လက်လာသည်။ လေဓားတွေကလည်း တဖျက်ဖျက်ဖြစ်လာ၏။ ချက်ချင်းပင် လေဓားတွေရဲ့စွမ်းအားက ထိုးကျကုန်တော့သည်။

ထို့နောက်မီးအကာအကွယ်လွှာကို မီးနတ်စွမ်းအင်ကို အသုံးပြုပြီး ဖန်တီးပုံဖော်လိုက်သည်။ ထိုသို့ဖြင့်  တစ်ဖက်ရဲ့ လေဓားတွေကို ကာကြယ္ဖို့ ကြိုးစားလိုက်တော့၏။

ထို့နောက် လုဇွီဘေးတွင် ကြီးမားလှသည့် ပုံ၇ိပ်တစ်ခုပေါ်လာသည်။ထိုအရာက အပြာရောင်သားမွှေးပိုင်သည့် ကြောင်မျိုးစိတ်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

လုဇြီ ထိုသို့သော သားရဲမျိုးကို မြင်ခဲ့ဖူးသည်။သူတို့ရဲ့အဝါသို့ အနက်ရောင် စွမ်းအင်က သိုင်းအမြုတေအဆင့်လောက်သာ ရှိပေသည်။ဒါ နတ်စွမ်းအင်အပိုင်းအစကို မြိုချခဲ့ဖူးသည့် သားရဲမျိုးဖြစ်သည်။
ရှင်းလင်းစွာပင် ဒါက ကျားတစ်ကောင်လို ဟိန်းဟောက်တတ်သည့် ကြောင်တစ်ကောင်သာဖြစ်သည်။

သူ့ရဲ့ချွန်ထက်တဲ့လက်သည်းတွေက လုဇွီရဲ့ဦးခေါင်းကို ထိုးဖောက်ဖို့ ကြိုးစားသည်။ အရပ်လေးမျက်နှာမှ လေဓားတွေ ၀င်လာခဲ့လေကာ လုဇွီကိုတောင်မှ ဖိအားပေးလာခဲ့သည်။

ဒါက ကြောင်ပြာခေါင်းဆောင် ဖြစ်ရမယ်..

သူ သေချာအာရုံစိုက်ဖို့လိုတယ်.

လုဇြီ့ သူ့ရဲ့လေနတ်စွမ်းအင်ကို အမြင့်ဆုံး အဆင့်ထိ တိုးမြှင့်ကာ ထုတ်လိုက်သည်။ ထိုအခါ လေဝဲလေးခုထုတ်ထားရာက ရုတ်တရက်ရပ်သွားခဲ့သည်။ သူတို့ရဲ့ စွမ်းအင်တွေက ဖြည်းညှင်းစွာ ကျလာခဲ့သည်။ သူ့ကို ချိန်ထားသည့် လေဓားတွေကပင် အားနည်းသွားခဲ့သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now