အခန်း48

313 55 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း(၄၈) ဒီကျောင်းသားတစ်ခုခုလုပ်နေတာများလား

ပညာရေးခန်းမအတွင်းရှိ အစည်းအဝေးခန်းမတစ်ခုတွင်တော့ ဆယ်ယောက်ကျော်သောလူတို့ ထိုင်နေကြသည်။

ထိပ်ပိုင်းတွင် ထိုင်နေသည့်လူတွေထဲက တစ်ယောက်က လူအိုကြီးတစ်ယောက်ဖြစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ သက်လတ်ပိုင်းအရွယ်လူတွေဖြစ်ကြသည်။

အားလုံးက ကြီးမားလှသည့် ဖန်သာပြင်ကြီးကိုကြည့်နေ၏ ထို့ဖန်သာပြင်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသနေခဲ့သည် ပုံရိပ်တစ်ခုပြီးတစ်ခုပေါ်လာနေ၏

ကြည့်လိုက်ဦး စနေပြီ

အရှေ့ပိုင်းမှာ ထိုင်နေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ မျက်နှာတွင် အမာရွတ်တစ်ခုရှိနေကာ ထိုအမာရွတ်က သူညာဘက်မျက်လုံးမှာ စပြီး ဘယ်ဘက်မေးစေ့မှာဆုံးသည်။ သူအကြည့်တွေကတော့ အလွန်ပင်ကြောက်မက်ဖွယ် ကောင်းပေသည်။ ထို့လူအိုကြီးက ပြုံးလိုက်ကာဆိုသည်

ဒါက ငါတို့အစည်းအရုံးကြီးရဲ့ ပထမဆုံး စမ်းသပ်စစ်ဆေးပွဲကြီးပဲ ငါမျှော်လင့်တာကတော့ လူသားမျိုးစေ့အတွက် လတ်ဆက်တဲ့ သွေးတွေပါနေတဲ့ ပါရမီရှင်တွေနဲ့ ကျောင်းသားအချို့ကို ရွေးချယ်နိုင်ဖို့ပါပဲ အားလုံးပဲ ဂရုစိုက်ကြပါ

ဖြူဖျော့တဲ့ အသားအရည်ရှိတဲ့ အရှေ့ပိုင်းတွင်ထိုင်နေသည့်လူတစ်ယောက်က ဆိုလိုက်သည်။

အကြီးအကဲလင်းက အရမ်းကို ယဉ်ကျေးနေပြီပဲ မွေးရာပါ ပါရမီရှင်တွေကို ကျင့်ကြံဖို့ ကူညီပေးတာက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပဲလေ

လူအိုကြီးက ပြုံးလိုက်သည် ...

ထုတ်လွှင့်တာကိုကြည့် ကြရအောင်

ဖန်သားပြင်တွင်တော့ ပါ၀င်ယှဉ်ပြိုင်သူတွေရဲ့ အဆင့်ရမှတ်တွေကို စတင်တွက်ချက်နေသည်။ သိပ်မကြာခင်မှာပင် ထိပ်ဆုံးဆယ်ယောက်ကပေါ်လာသည် ထိပ်ဆုံးသုံးယောက်က ကျင့်ကြံချင်း အဆင့်တွင် အမြင့်ဆုံးဖြစ်နေသော သုံးယောက်သာဖြစ်သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now