အခန်း69

317 50 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၆၉ ကြယ်စစ်ပွဲ

အိုးမိုင် ဘာလို့ဒီလူကောင်အကြီးကြီးတွေက ဂြိုလ်ပေါ်လာတိုက်ခိုက်နေကြတာလဲ။ သူတို့အံ့သြမိကြပေသည်။ သူတို့ကပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သားရဲလေးတွေကိုပဲ အလိုရွိတာပါ။

ဟုတ်ပြီလား။ ဘာလို့ဒီလောက်ခက်ခဲရတာလဲ။ နားနေခန်းကတော့တိတ်ဆိတ်နေပေသည်။ သူတို့က ခုဏတုန်းကပြသသွားခဲ့တဲ့ စစ်ပွဲသတင်းအကြောင်းကို သေချာမသိလိုက်ရပေမဲ့လဲ သတင်းအချက်အလက်အတိုအထွာလေးတွေကတင် သူတို့ကို အံ့အားသင့်စေသည်။

အခုအခါမှာတော့ ထိုဖြစ်စဉ်တစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်နေ၏။ ဂြိုလ်ပေါ်ကတိုက်ပွဲမြင်ကွင်းက သူတို့မျက်စိရှေ့တွင်ပင် မြင်နေရပေသည်။ ထိုပိုးကောင်တွေက နန်ဖုန်းဂြိုလ်ကို အခုမွ ပင်ရောက်ခါစဖြစ်လောက်ကာသူတို့ရဲ့နည်းပညာတွေကလည်း မဖွံ့ဖြိုးသေချေ။

အဆင့်သုံးပိုးကောင်တွေကသာ စွမ်းအားအကြီးဆုံးဖြစ်နေကာ အဆင့်တစ်နဲ့နှစ်ပိုးကောင်တွေကတော့ မြေပြင်ပေါ်တွင်အသုံးမ၀င်ဖြစ်ကြရင်း အနိုင်ကျင့်သတ်ဖြတ်ခံနေရလေသည်။ သူတို့က အချို့သောအမိန့်တို့ကိုရထားပုံရကာ မြေပြင်မှအက်ကွဲကြောင်းတွေကိုရှာဖွေရင်းအထဲသို့တိုး၀င်နေကြလေသည်။

သိပ်မကြာခင်အချိန်မှာပင် မြေပြင်ပေါ်တွင်အသက်ရှင်ရက်ကျန်ရစ်ခဲ့သည့်ပိုးကောင်တွေပင်မရှိကြတော့ပေ။ ပျံသန်းနိုင်တဲ့ပိုးကောင်တွေကတော့ ရှင်းလင်းခံရပြီးဖြစ်သည်။ တိုက်ပွဲ၀င်သဘောငေ်္တွက မြေပြင်သို့အခြေချဆင်းသက်လိုက်၏။ အနက်ရောင်သတ္တုစပ်သံချပ်ကာ တိုက်ပွဲ၀င်၀တ်စုံကို၀တ်ဆင်ထားကြတဲ့ အစောင့်တွေအားလုံးက သတ္တုစပ်လက်နက်တွေကိုသယ်ဆောင်ရင်း နောက်စွမ်းအင်တွေပါ၀င်တဲ့ သေနတ်တို့ကိုသယ်ဆောင်ရင်းလမ်းလျှောက်ထွက်လာကြသည်။

သူတို့အားလုံးက အဖွဲ့မှခွဲကာ ပိုးကောင်တွေ၀င်ရောက်သွားသည့်နေရာတွေသို့ လိုက်လံရှာဖွေတော့သည်။ လူတွေအားလုံးက ပိုးကောင်အလောင်းတွေနဲ့ပြည့်နှက်နေတဲ့ မြေပြင်ကိုကြည့်ရင်း အချို့သူတွေကတော့ စတင်အန်ကြတော့လေသည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now