အခန်း118

235 36 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၁၈ (ကိုယ့်ကိုယ်ကိုအထင်ကြီးမနေနဲ့ ဒါဆိုအသက်ရှည်ရှည်နေနိုင်လိမ့်မယ်)

လုဇြီဟာ နန်ကုန်းကျင်းနဲ့အတူ မြေပြင်အထက်နှစ်ကီလိုမီတာလောက်တွင် ပျံသန်းနေကာ ထူထဲသိပ်သည်းလှတဲ့ တိမ်တွေကိုဖြတ်သန်းသွားခဲ့သည်။ ထို့နောက်သူက လေထဲတွင်ရပ်တန့်ထားသည့် အာကာသသဘောင်္တစ်ခုကိုမြင်လိုက်ရသည်။ ထိုအရာက မီတာငါးဆယ်ကျော်ရှည်လျားပြီး ရေစက်ပုံစံတည်ရှိသည်။ ထိုအရာက မဲနက်နေကာ ရွှေရောင်သဏ္႑ာန်တစ်ခုကို ထွင်းထုထားခဲ့သလားပင်ထင်ရသည်။ ကြည့်လိုက်ရုံနဲ့ ဇိမ်ခံသဘောင်္ကြီးလို့ပင် ထင်စရာရှိ၏။

နန်ကုန်းကျင်းက လုဇြီကို ထိုအာကာသသဘောငေ်္ပါ်သို့ခေါ်သွားသည်။ တံခါးနားရောက်တာနဲ့ သူ့အလိုလိုပွင့်သွားလေ၏။ ထို့နောက်နန်ကုန်းကျင်းက ပြောလိုက်သည်။

ဝင်လာခဲ့
လုဇွီခေါင်းြင်ိမ့်ရင်း လိုက်ဝင်သွားလိုက်သည်။ထိုသို့ဝင်လိုက်တာနဲ့ အထဲရောက်ပြီးပြီဆိုတာနဲ့ လုဇြီက ပတ်ဝန်းကျင်ကို စူးစမ်းစွာကြည့်တော့သည်။

ဒါက
ကိုယ်ပိုင်အာကာသသဘောင်္တစ်ခုဖြစ်၏။ ထိုအရာက ထိပ်တန်းဇိမ်ခံကားနဲ့တူပေသည်။ နန်ကုန်းကျင်းက ဒါကိုမြင်တော့ ဂုဏ်ယူမောက်မာစွာနဲ့ ပြောလာသည်။

နင်ဘယ်လိုထင်လဲ မဆိုးဘူးမဟုတ္လား ဒါက ငါ့ရဲ့ကိုယ်ပိုင်အာကာသသဘောငေ်္လ တိုက်ခိုက်နိုင်စွမ်းလည်းရှိသလို ခုခံနိုင်စွမ်းလည်းရှိတယ်နောက်ပြီး အထွတ်အထိပ်အဆင့်သမားတွေတောင်မှ ဒီသဘောင်္ကို ထိခိုက်အောင် လုပ်ဖို့မဖြစ်နိုင်ဘူး အမြန်နှုန်းကလည်း အရမ်းကို မြန်တာလေ ဒါက ရှားအစည်းအရုံးရဲ့ တိုက်ပွဲနယ်မြေကနေ ဒီကိုရောက်ဖို့ဆိုရင် ခြောက်ရက်ပဲကြာတယ်

တိုက်ပွဲနယ်မြေက ဘယ်လောက်ဝေးကွာလည်းဆိုတာ လုဇွီမသိပေမယ့် အထွတ်အထိပ်အဆင့်သမားတွေရဲ့ တိုက်ခိုက်မှုစွမ်းအားရှိသလို ခုခံနိုင်စွမ်းအားလည်းရှိတယ်လို့ကြားလိုက်ရတော့ တော်တော်လေးကို ထိတ်လန့်သွားရသည်။ ဒါက ကိုယ်ပိုင်အာကာသသဘောင်္သာဖြစ်နေပြီး စစ်သဘောင်္တစ်စင်းလည်း ဟုတ်မနေပေ။ ဒါတောင်မှ အခုလိုမျိုးစွမ်းအင်ကို ပိုင်ဆိုင်ထားလေ၏။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now