အခန်း51

320 57 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palce of novels

အပိုင်း၅၁ ငါတောက်ပတဲ့ အချက်တစ်ချက် ရှာတွေ့ပြီလို့ထင်တယ်

ထိုသို့ပြောလိုက်ပြီးနောက် ဆွေနွေးအခန်းတွင်ရှိသည့် ဆရာတွေ အားလုံးက လုဇြီ ရှိသည့် ဖန်သားပြင်ကို ကြည့်လိုက်ကြသည်။

ဟင်

ဒီအမြန်နှုန်းက

မဖြစ်နိုင်လိုက်တာ

ဖန်သားပြင်တွင်တော့ လုဇွီခန္ဓာကိုယ်က ေ၀ဝါးနေလေသည်။ သူမြေကြီးကို တစ်ချက်ထိလိုက်သည့် အချိန်တိုင်းတွင် သူက နောက်ထပ် မီတာရာကျော်ဝေးကွာသည့် နေရာတွင် ပြန်ပေါ်လာခဲ့သည်။ထို့ကဲ့သို့သော အမြန်နှုန်းက သိုင်းစစ်သည်အဆင့်(၉) ကျောင်းသားတစ်ယောက်ပိုင်ဆိုင်သောအရာ မဟုတ်ပေ။

အားလုံးဟာသူတို့ရဲ့ ဦးနှောက်တွေပင် တုန်ခါသွားသလိုခံစားလိုက်ရ၏ အကြီးအကဲလင်း ၊လီကွမ်းနဲ့ ဟယ်ရီတို့က မျက်လုံးတွေပြူးနေကြသည်။ ထို့ကဲ့သို့သော အမြန်နှုန်းက သိုင်းစစ်သည်အဆင့်(၉)အဆင့်တွင် ရွိဖို့ရာ အလွန့်အလွန်ပင်ရှားပါးလွန်နေသည်။

လီကွမ်းနဲ့ ဟယ်ရီတို့က တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ သူတို့ စိတ်ထဲတွင်တော့ တစ်ယောက် ဘာတွေးနေတယ်ဆိုတာကို တစ်ယောက်သိနေကြသည်ဖြစ်သည်။

သူတို့ အလုပ်လုပ်တဲ့ ကျောင်းတော်တွေက လူသားမျိုးနွယ်တွင် အကောင်းဆုံး  တက္ကသိုလ်နှစ်ခုဖြစ်သည်။ သူတို့က ဒီလိုလူငယ်မျိုးကို လုံး၀လက်မလွှတ်နိုင်ကြပေ။သူတို့ရဲ့ မျက်လုံးထဲတွင် အလင်းတွေလက်နေ၏။

ထိုအခိုက် လုဇြီက ရုတ်တရက်ရပ်လိုက်သည်။ လုဇြီက မီတာတစ်ရာကျော်လောက်ရှည်တဲ့ ကျောက်တိုင်ကြီးကို ကြည့်နေသည်။

မီတာတစ်ရာအကွာတွင်တော့ ဖောင်းပွနေသည့်နေရာတခုကိ်ုမြင်ရသည် ။ထို့နေရာတွင် သလင်းဝါနွယ်ပင်က လိမ်းးပတ်ကာရှိနေသည်။
ထိုအရာမွ စိတ်ကိုကျေနပ်စေလွန်းတဲ့ မွေးအနံ့တွေထုတ်လွှတ်နေသည်။

" ဒါသလင်းဝါနွယ်ပင်ပဲ ငါရှာတွေ့ပြီ နောက်ဆုံး အစားကောင်းလေး မင်းကို တွေ့ခဲ့ပြီ "

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now