အခန်း58

320 47 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း၅၈။မစိုးရိမ်ပါနဲ့ငါ အရင်တွေးပါရစေအုန်း

ကြီးမားလှတဲ့မြွေကြီးကအားလိုင်နှစ်ခုကိုဖြစ်ပေါ်နေစေကာတောအုပ်ဖက်သို့လျှင်မြန်စွာပြေးလာနေလေသည်။အခြေနေကထိုသို့ဖြစ်လာတော့ လုဇြီ လည်းငြိမ်သက်နေလို့မရတော့ပေ။

မြွေကြီဲးရဲ့ အနက်ရောင် ကြေးခွံ ပေါ်တွင်များပြားလှတဲ့ပွင့်ထွက်နေတဲ့ဒဏ်ရာများစွာတွေ့ရသည်။ ထိုဒဏ်ရာကြီးတွေကသွေးတွေယိုစီးနေ၏။

ဒီမြွေကြီးက ဘာလို့ပြေးထွက်လာတာလဲ။

ဟာဟာ ငါ့ဆီပြေးမလာနဲ့လေ

လုဇြီ ချက်ခြင်းပင်လှည့်ပြေးတော့သည်။ လုဇြီ ခန္ဓာကိုယ်တစ်ခုလုံးမှာသလင်းရောင် အလင်းရောင်တွေ ထွက်ပေါ်နေရင်းနေစွမ်းအင်တို့ကသူ့ကိုဝန်းရံထားကာ သူ့ခြေကမြေကြီးကိုဖိနင်းလိုက်ပြီးမြေပေါ်မှချက်ချင်းပျောက်ကွယ်သွားတော့သည်။

အံ့အားသင့်စရာဘဲ အဲ့နေရာကတကယ်ဘဲ ဒီမြွေရဲ့ အိမ်လေ။ ဘာလို့မြွေကရုတ်တရက်ကြီး ထွက်ပြေးလာရတာလဲ။

ဒီမြွေရူးသွားတာများလား။

လုဇြီ သိချင်လာ၏။ သို့ပေမဲ့ သူ့အသက်ကိုရင်းပြီးတော့တော့ သွားမမေးရဲပေ။

ရေမြွ ကြီး က လုဇြီ မြေပြင်က ထွက်ပြေးသွားတာကိုဂရုမစိုက်ပေ။ သူက သူ့စိတ်သဘောထားအတိုင်းတောအုပ်တည့်တည့်ကိုထွက်ပြေးသွား၏။

သို့ရာတွင် ထိုရေမြွေ ထွက်သွားပြီးနောင်ရေကန်က ပြန်ငြိမ် သက်လာသည်။ မည်သည့်ကြောက်မက်ဖွယ်သားရဲမှမတွေ့ရပေ။

လုဇြီ အနောက်ဘက် ကိုပြန်လှည့်ကြည့်ရင်းထိုရေကန်ကသွေးတို့နဲ့ နီရဲနေတာကိုတွေ့လိုက်သည်။ ဒီသွေးတွေအရတော့မြွေတစ်ကောင်ထဲရဲ့သွေးတွေမဟုတ်လောက်ပေ။ ဖြစ်နိုင်တာ ဒီမြွေက ဒီတိုင်းလွတ်မြောက်ဖို့ထွက်ပြေးခဲ့တာများလား။

လုဇြီ ကြက်သီးမွေးညှင်းတွေထလာကာ သူချက်ချင်းဘဲထွက်ပြေးပြန်တော့၏။ လွတ်မြောက်ဖို့ကအရေးကြီးတယ်။ ထိုအခိုက်ကြည့်ရှုနေသူအဖို့ကတော့ပေါက်ကွဲမတတ်ဖြစ်နေသည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now