အခန်း109

238 41 0
                                    

အနာဂတ်ခရီးသည်

အပိုင်း(၁၀၉)ငါပြန်လာမယ်

မာလင်သည် လုဇြီကို ညွှန်ပြချက်အချို့ ပေးပြီးသည့်နောက် စိတ်မရှည်သလို လက်ဝှေ့ရမ်းလိုက်သည်။

ကောင်ပြီ ဒီကိစ္စပြီးပြီ ငါ့ အဲလစ်နဲ့ လုလီကို သင်ပေးလိုက်အုံးမယ် မင်းကတော့ မင်းလုပ်ချင်တာ လုပ္လို့ ရပြီ

ဒီခေလးကို သင်ပေးရတာက စိတ်၀င်စားစရာ လုံး၀မကောင်းတာမို့ သူ့ရဲ့ ကိုယ်ပိုင် ခေလးကိုသာ သင်ပေးဖို့ပြင်လိုက်သည်။

အဲလစ် နောက်ဆုံးတွင်တော့ ကျင့်ကြံနိုင်ခဲ့ပြီး အဖေတစ်ယောက်အနေနဲ့ သူမေလးကို သင်ပေးဖို့ လိုအပ်သည်။

လုဇြီ

စိတ်မရှည်တဲ့ပုံစံနဲ့ မာလင်ကို မြင်ရတာက သူကို ဆွံအစေသည်။ သို့ရာတွင် မာလင် ညွှန်ပြပေးခဲ့တဲ့ အချက်တော်တော်များများကလည်း လုဇြီ အတွက် အဖိုးတန်ပေသည်။ သူဆက်လျှောက်ရမဲ့ လမ်းရဲ့ ရှင်လင်းတဲ့ပုံကားချပ်ကို သူမြင်ယောင်ပြီး ဖြစ်၏။

ဒီအကြောင်းကိုတွေးမိတော့ သူပျော်ရွှင်စွာဖြင့် ကျင့်ကြံဖို့နေရာ တစ်နေရာရှာလိုက်သည်။ ထိုနောက် မာလင်ကိုယ်တိုင်ကလည်း အဲလစ်နဲ့ လုလီတို့ကို သင်ကြားပေးတော့သည်။ ထိုမိန်းခလေး နှစ်ယောက်စလုံးက ကိုယ်ပိုင်နတ်စွမ်းအင်တွေကို ပိုင်ဆိုင်ထားကာ လုဇြီရဲ့ စွမ်းအင်နဲ့ ကျင့်ကြံကြခြင်းဖြစ်သည်။

သူတို့ရဲ့ အလားအလာက ကြီးမားသည်။ မာလင်က သူတိ်ု့ရဲ့ အနာဂါတ်အတွက် အလွန်မျှော်လင့်ထားလေကာ သူက ဂရုတစိုက် သင်ကြားပေးတော့သည်။

အနည်းဆုံးတော့ လုဇြီအဖို့ မာလင် ညွှန်ကြားပြသနေသည့် အသံတွေကို မကြာခဏ ကြားနေရပေသည်။ သုံးနာရီကြာပြီးသည့်နောက် ည ဆယ်နာရီထိုသွားခဲ့သည်။ မာလင်လည်း ရပ်တန့်လိုက်ကာ သူ့ရဲ့ ညာလက္သီးကို ညှင်သာစွာဖြင့်ပြန်ချလိုက်သည်။

အဖြူရောင် မီးတောက်အချို့က မီးတောက် ကြားခံနယ်တွေကို လွှင့်ပြန်သွားစေသည်။ ထို့နောက် ထိုမီးတောက်တို့က မာလင်ရဲ့ လက်ထဲသို့ ရေအလား စီး၀င်သွား လေရင်းပျောက်ကွယ်သွား၏။ မာလင်သည် သူတို့ကို ပြုံးပြသည် ။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now