အခန်း199

206 21 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၉၉ ခြေနှစ်ချောင်းသားရဲက နတ္ဆိုးပဲ

စိတ်ဓာတ်ကျနေတဲ့ ကြောင်ပြာကြီးကို ပို့သပြီးတာနဲ့ သားရဲနှစ်ကောင် တိုက်ခိုက်နေသည့် နေရာကို လုဇွီပြန်လာလိုက်သည်။

ကျားသစ်နက်ကြီးက လေထဲတွင် ဝဲရင်း ပြိုင်ဘက်ကို စိုက်ကြည့်နေခဲ့သည်။ ပြိုင်ဘက်ကတော့ မီတာရာကျော်ရှည်သည့် မြွေကြီးဖြစ်သည်။ မြွေကြီးက နဂါးတစ်ကောင်လို လေထဲ လွင့်ကာ မီးခိုးရောင်စွမ်းအင်တို့ကို ထုတ်ဖော်လျက်ရှိသည်။ သူ့ကိုယ်က ဒဏ်ရာတွေက တ၀က်လောက်သက်သာနေခဲ့ပြီဖြစ်သည်။

သူတို့ရဲ့တိုက်ပွဲကိုမြင်တော့ သူက အသစ္ကေလးသာ ဖြစ်သေးပါလားလို့ တွေးမိရပြန်သည်။

သူတို့က လျှပ်စီးနဲ့ ပြန်လည်ကုစားခြင်းနတ်စွမ်းအင်တို့ကို ပိုင်ဆိုင်သည့် တကယ့် ခေါင်းဆောင်ကြီးတွေ ဖြစ်ပေသည်။

စစ်မြင်းနဲ့ မီးခိုးရောင်ဖွတ်တို့ တိုက်ခိုက်ခဲ့စဉ်က သူ အကျိုးအမြတ်ရခဲ့သေးသည်။ ခြငေ်္သ့နီ သေဆုံးပြီး သူ အလင်းလုံးတွေ ရခဲ့သေးသည်ပေ။

ထို အကြောင်းကို ပြန်တွေးမိတာနဲ့ ဒီနတ်စွမ်းအင်နှစ်မျိုးကရော သူနဲ့ကံပါလားဆိုပြီး သိချင်လာရသည်။

သူ ဒီတစ်ကြိမ်လည်း ရိတ်သိမ်းမှုကြီး ရဦးမယ်ထင်တယ်.

ဒါ့အပြင် သူ့တွင် လျှပ်စီးနတ်စွမ်းအင်လည်း မ၇ှိသေးချေ။

သူ လိုချင်တယ် သူလိုချင်တယ်

သူ စိတ်လှုပ်၇ှားစွာနဲ့ တိုက္ပြဲကို ပြန်အာရုံစိုက်လိုက်သည်။

က်ားသစ္က လျှပ်စီးတိုင်နဲ့ လျှပ်စီးမြှားတွေကို အချိန်တိုင်းထုတ်လွှတ်နေခဲ့သည်။

အခြားတစ်ဘက်တွင်တော့ မြွေကြီးက ကြောက်မက်ဖွယ် ခုခံစွမ်းအားကိုသာ ထုတ်ပြနေခဲ့သည်။ ပြန်လည်ကုစားခြင်းစွမ်းအင်နဲ့ ပေါင်းလိုက်တဲ့အခါ သူက ဒဏ်ရာရရင်တောင်မှ ခဏကြာရင် ပြန်ပျောက်စမြဲဖြစ်နေတော့သည်။

သားရဲနှစ်ကောင်က သူတို့ရဲ့အရာရာကို ထုတ္ကာ တိုက်ခိုက်နေကြသည်။ လေအကာအကွယ်လွှာက ထိုအားလှိုင်းတို့ကြောင့် စုတ်ပြဲလာနေခဲ့သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now