အခန်း117

228 40 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၁၇ (လက်ဆောင်)

လူအုပ္က ဝင်ပေါက်ကို လမ်းလျှောက်လာတဲ့အခါ နန်ကုန်းကျင်းက အနည်းငယ်ထွေနေသည့်အမူအရာရှိနေတာကို တွေ့ရသည်။ သို့ရာတွင် ရွှေရောင်ဆံပင်နဲ့ မာလင်ကို မြင်လိုက်တဲ့အခါမှာတော့ မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်သည်။ ထို့နောက် အဲလစ္က သူမကို ပြုံးရင်း လက်ဝှေ့ရမ်းတာကို မြင်လိုက်ရ၏။

အစ်မကျင်း မတွေ့ရတာ ကြာပြီနော်

နန်ကုန်းကျင်းလည်း အဲလစ်ရဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အပြုံးလေးကို မြင်လိုက်ရသည်။ နောက်တစ်ပြိုင်တည်းမှာပဲ အပြာရောင် ဆံနွယ်တို့ကိုလည်း တွေ့လိုက်ရပေ၏။ သူမ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကာ ထွေနေတဲ့အခြေအနေမှ နိုးထလာခဲ့တော့သည်။ သူမေလးက ခေါင်းကို ဆန့်လိုက်ရင်း ရှက်ရွံ့စွာနဲ့မာလင်နဲ့အဲလစ်ကို ခေါင်းငြိမ့်ပြလိုက်သည်။

ဦးလေး မာလင် အဲလစ် အားလုံးဒီကိုရောက်နေကြတာလား မတွေ့တာကြာပြီနော်

မာလင်လည်းခေါင်းငြိမ့်လိုက်သည်။
ငါးနှစ်လောက်ရှိပြီထင်တယ် သမီးကို ဒီနေ့ဒီနေရာမှာ တွေ့မယ်မထင်ထားဘူး ကျင်း သမီးဘာမွ မပြောင်းလဲသွားဘူးပဲ

အဲ့လစ်လည်းပြုံးရင်းပြောလိုက်သည်။
အစ်မကျင်း အခုမှသောက်လို့ပြီးလာတာမဟုတ်ဘူးလား

နန်ကုန်းကျင်းရဲ့မျက်နှာက ရှုံ့မဲ့သွားရပြီ။ သူမရဲ့ ကိုးရိုးကားယားအခြေအနေက ပိုလို့သာ ဆိုးရွားသွား၏။

အဆင့်မြင့်အဆင့်ဝိဉာဉ်စားဖိုမှူးတစ်ယောက်ဖြစ်တဲ့မာလင်ဟာ အလွန်ကောင်းလွန်းတဲ့ ဝိုင်ပုလင်းတွေကို သိမ်းဆည်းထားလေ့့ရှိသည်။ အရင်တုန်းကဆိုရင် အဲလစ်ကတစ်ဆင့် မာလင်ရဲ့အဖိုးတန်လှတဲ့ဝိုင်တွေကို ခိုးယူခိုင်းကာ သူမကြိုးစားစမ်းကြည့်ပြီး အရသာခံကြည့်ဖို့ကြိုးစားဖူးသည်။ သို့သော် ထိုအချိန်တွင်တော့အဲလစ်က ဆယ့်တစ်နှစ်လောက်အရွယ်လောက်သာ ရှိနေပေသေးရာ မာလင့်ဆီသို့ချက်ချင်းပင် ပြေးသွားပြီး မေးမြန်းခဲ့လိုက်သေး၏။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now