အခန်း154

207 28 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၅၄ မင်းလိုမျိုးလူငယ်တွေကိုငါသဘောကျတယ်

လူတိုင်းက ကောင်းကင်ပြာသလင်းမိုင်းတွင်းရှိရာသို့ သယ်ယူပို့ဆောင်ရေးကားဖြင့် သွားခဲ့ကြလေသည်။ နာရီအနည်းငယ်ကြာပြီးသည့်နောက် သူတို့ရောက်ရှိသွားကြ၏။

ထိုနေရာက ကြီးမားလှတဲ့အခြေစိုက်စခန်းကြီးနဲ့တော့ မတူညီပါပေ။ ဒီနေရာမှာ မိုင်းတွင်းတောင့်ခံနိုင်တဲ့ နေထိုင်မှုပုံစံကိုသာ ဆောင်လုပ်ထားခြင်းဖြစ်သလို အစောင့်တွေနေနိုင်ရုံလောက်ပဲ ဆောက်ထားခြင်းဖြစ်သည်။ သို့သော်ဓားနတ်ဆိုးတွေရဲ့ချုံခိုတိုက်ခိုက်မှုတွေမှ ကာကွယ်နိုင်တဲ့အဆင့်အရည်အသွေးတော့ရှိထားကြပေသည်။ နောက်ပြီး ဒီနေရာမှာအချို့သောအဆင့်မြင့်စွမ်းအင်တွေကိုပိုင်ဆိုင်ထားတဲ့အဖြိုက်နက်သတ္တုအဆောက်အအုံတွေက ဒီအခြေအနေကိုထိန်းထားနိုင်သည်။
သို့သော်ဒီနေရာကတော့ သေးငယ်တဲ့ခံတပ်တစ်ခုဖြစ်နေဆဲပါပေ။

လုဇွီနဲ့သူတို့အဖွဲ့က သဲတွေနဲ့အဝေးတစ်နေရာကနေ အရိပ်တွေလိုမျိုးစောင့်ကြည့်နေကြလေသည်။ သူတို့ကထိုနေရာတွင်ရောက်နေခဲ့ပြီးပြီဖြစ်သည့် တပ်သားဟောင်းတွေပြောတာကို နားထောင်နေလိုက်ပေသည်။

မိုင်းတွင်းကလုပ်သားတွေနဲ့အစောင့်တွေအားလုံးက ဒီနေရာမှာအလုပ်လုပ်ကြကာ အနားယူဖို့လိုအပ်တဲ့အချိန်ကျမှ ထိုအခြေစိုက်စခန်းသို့ တစ်ခါတစ်ရံသွားရောက်လေ့ရှိကြတယ်လို့ဆိုကြလေသည်။ နောက်ထပ်တပ်ဖွဲ့မပြောင်းလဲခင်မှာ ထိုသို့ရက်အနည်းငယ်ကြာကာ နေထိုင်လေ့ရှိကြပေမဲ့ ရုတ်တရက်ရှာဖွေ့မှုအသစ်တွေ့ရှိခဲ့တာမို့လို့ နောက်ပြီးမြေပြိုမှုတွေလည်းဖြစ်ပျက်ခဲ့သေးတာမို့လို့ အဖွဲ့သားဟောင်းတွေက ထိုနေရာကိုသွားရောက်ပြီးတော့ အချိန်အတန်ကြာကူညီကယ်ဆယ်ခဲ့ရတယ်လို့ ဆိုကြပေသည်။

လူတိုင်းလူတိုင်းက ထိုသတ္တုစခန်းကြီးကို ဆယ်မီတာမြင့်တဲ့မြို့ရိုးကြီးတွေနဲ့ ကာကွယ်ထားမှန်းတွေ့လိုက်ကြရသည်။ အမျိုးမျိုးသော အမြောက်တွေအားလုံးကလည်း နံရံပေါ်မှာအဆင့်သင့်တပ်ဆင်ထားပြီးဖြစ်လေကာ စစ်သားတပ်ဖွဲ့တွေကလည်း အချိန်တိုင်းကင်းလှည့်နေကြပေသည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now