အခန်း34

306 55 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း  ၃၄ ဒါက ဘာကြီးလဲ

လက္သီးအားက ဝံပုလွေစိမ်းရဲ့ ခုခံစွမ်းကို ဖျက်ဆီးပစ်သည်။ အရိုးအက္ကြဲသံက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်ပြင်းထန်သည်။ ကိုယ်တွင်းအင်္ဂါတွေ ပျက်ဆီးသွားသောကြောင့် ဝံပုလွေစိမ်းရဲ့ကိုယ်မှ သွေးတွေ အန်ထုတ်လိုက်ရသည်။

ဝံပုလွေစိမ်းရဲ့မျက်လုံးတွေက နီရဲသွားသည်။ သူက လက္တစ္ဖက္ကို ရုန်းကန်ကာ နောက်လက်တစ်ဖက်ဖြင့် လုဇြီကို ခုတ်ဖို့ကြိုးစားသည်။ သူ့ပါးစပ်မှလည်း လေဓားက ထပ်ထွက်လာပြန်သည်။

လုဇြီက မျက်နှာသေနဲ့ပဲ ဝံပုလွေစိမ်းရဲ့လက်ကို ထပ်ထိုးလိုက်ပြန်သည်။

ပြင်းထန်သောနာကျင်စွာ ငိုညည်းသံက ထွက်လာသည်။ ဝံပုလွေစိမ်းရဲ့ပါးစပ်ထဲမှ ထွက်ခါနီးနေသည့် လေဓားက ချက်ချင်းပြန်၀င်သွားရသလို သူ့ညာလက်နဲ့ခုတ်ချကာလုဇွီရဲ့ခေါင်းကို ပေါက်ထွက်စေချင်တဲ့ လက်ကလည်း ဦးတည်ရာပြောင်းသွားပြီး သူ့ရဲ့ဘယ်လက်ကိုသာ ခုတ်မိသွားသည်။
အရိုးတို့အက္ကြဲသံက ဟိန်းထွက်လာပြန်၏။

လုဇြီရဲ့လက္က ပျော့ပျောင်းလာသလိုထင်ရကာ တစ်ဖက်ဝံပုလွေစိမ်းရဲ့လက်သည်းကို ဖမ်းဆုပ်နိုင်ဖို့ပင် မတတ်နိုင်သလိုဖြစ်လာသည်။

ဝံပုလွေစိမ်းရဲ့ မျက်လုံးထဲစိတ်လှုပ်၇ှားသည့် အရိပ်အယောင်ပေါ်လာ၏။ သူအလွတ်ရုန်းကာ ထွက်ပြေးချင်နေပြီ။ သို့သော်လုဇွီရဲ့ တတိယမြောက်လက်သီးက ရောက်လာခဲ့လေသည်။

ဘန်း...

လက်သီးချက်တွေက ဝံပုလွေစိမ်းရဲ့အားနည်းသောနေရာတွေကိုသာ ရောက်လာခြင်းဖြစ်သည်။ သူက နာကျင်စွာ တအီအီအော်ရင်း မြေသို့ လဲကျသွားတော့သည်။

လုဇွီ့မျက်၀န်းတို့က  အေးစက်နေဆဲပင်။ သူ့ဘယ်လက်ကျိုးနေတာမို့ သေလောက်အောင် နာကျင်နေပေမယ့်လည်း လျစ်လျူရှုထားလိုက်သည်။ နောက် ဝံပုလွေစိမ်းကို ဆက်လက် ထိုးနေလိုက်သည်။

ဝံပုလွေစိမ်းက ကိုယ်တွင်းအင်္ဂါတွေကိုပါ သွေးတွေနဲ့ ရောပြီး အန်ထုတ်လာသည်။သူ့ရဲ့တောက်ပတဲ့ မျက်လုံးတွေကလည်း မှိန်ဖျော့လာသည်။ ရုန်းကန်လှုပ်၇ှားမှုတွေကလည်း တဖြေးဖြေးရပ်တန့်သွားရင်း သေသွားတော့သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now