အခန်း113

238 41 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၁၃ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း

တံခါးဖွင့်လိုက်ပြီး လုဇြီ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ သူချက်ချင်းပင် မွှေးပြန့်လွန်းတဲ့ ရနံကိုရလိုက်သည် ။နောက်ပြီး ထိုရနံက လူတိုင်းကို သရေကျစေနိုင်၏ ။

အဲလစ်နဲ့ လုလီတို့က အမျိုးမျိုးသော တောက်ပလွန်းလှတဲ့ စားစရာတို့ကို ထမင်းစားပွဲပေါ် ဖြည့်နေသည်။
လုဇြီ လျှင်မြန်စွာခုန်ဆင်းလာလိုက်ကာ အပြုံးနဲ့ ပြောလိုက်သည်။

အင်း မင်းတို့ နှစ်ယောက်လုံး သေချာကြိုးစားနေကြတာပဲ ငါရော ကူညီမယ်လေ

လုလီ လုဇြီကို ဆြံ့အစြာ ကြည့်လိုက်ရင် းမျက်နှာသေနဲ့ ပြောလိုက်သည်။

စားပွဲပေါ်မှာ အားလုံးပြင်ဆင်ပြီးနေပြီလေ

အဲလစ်လည်း ပြန်ပြုံးပြလိုက်သည်။
ညီမတို့ အားလုံးပြီးတော့မှ စီနီယာအကိုကို ခေါ်ဖို့စဉ်စားထားတာပါ

လုဇြီ နုတ်ခမ်းတွေ ရှုံ့မဲ့သွားရပြီ ။သူကို့ရို့ကားယား ပြုံးလိုက်၏ ။သူအမြဲတမ်း ဘာမှမလုပ်သလိုပဲ ခံစားနေရတယ်.... သူတော်တော်လေး ပျင်းတဲ့ပုံ ပေါက်နေလို့လား။

ထို့နောက် သူ့ရဲ့ အကြည့်တို့က စားပွဲပေါ်တွင် ပန်းကန်လုံး ဇွန်းနဲ့ ခရင်းတွေ မရောက်သေးတာကို တွေ့လိုက်ရသည်။

ငါမင်းတို့အတွက် ဇွန်းနဲ့ ခရင်းတွေ ပြင်ပေးမယ်

အဲလစ် ပြုံးလိုက်၏ ကျေးဇူးတင်ပါတယ် စီနီယာအကို

လုလီကေတာ့ လုဇြီကို တချက်သာကြည့်ရင် နုတ်ခမ်းတွေကော့တက်စွာ ပြုံးလိုက်သည်။ နောက်ညှင်သာစွာ ခေါင်းငြိမ့်၏

အင်း

သူတို့ အားလုံးထိုင်လိုက်ပြီးတဲ့အခါ အဲလစ္က လုဇွီအတွက် ဟင်းတွေထည့်ပေးသည်။

စီနီယာအကို ဒီရွှေဂဏန်းဟင်းက အရသာ တော်တော်ကောင်းတယ် ညီမ သလင်းဝါနွယ်ပင်ကိုပါ သုံးချက်ထားတာလေ

အို တကယ္လား ငါ့အရင်စားကြည့်အုံးမယ်

စီနီယာအကို နံရိုးကင်ကလည်း အရသာ တော်တော်ကောင်းတာပဲ

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now