အခန်း133

210 28 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၃၃ ဒီကလေးနဲ့ပတ်သက်ပြီး ထူးခြားတာတစ်ခုခုများမရှိဘူးလား

သုံးမိနစ်ကလျှင်မြန်စွာပင်ကုန်ဆုံးသွားခဲ့ပြီ။ လင်းကွမ်းကလက်နှစ်ဖက်ကိုဖွင့်လိုက်လေရင်း သွေးဝိဉာဉ်စွမ်းအင်တို့က ထိုးထွက်လာစေခဲ့သည်။ ထိုနှစ်ယောက်က တိုက်ခိုက်နေရာမှ ချက်ချင်းပင်ဆွဲဖယ်ခွာခံရ၏။

သူတို့နှစ်ယောက်လုံးက ဒဏ်ရာရရှိနေကြပြီဖြစ်၏။ သွေစသွေးနတွေက ယွဲ့ပေါ်ရဲ့နှုတ်ခမ်းထောင့်မှကျဆင်းနေသလို အခြားတစ်ဖက်မှာလည်း လျှမ်းကျုံးကွမ်းရဲ့အခြေအနေကပိုလို့သာ ဆိုးရွားနေခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက များပြားလှတဲ့ဒဏ်ရာတွေနဲ့ဖုံးလွှမ်းနေပြီဖြစ်ကာ ကြိုးတွေနဲ့လှီးဖြတ်ခံထားရခြင်းဖြစ်သည်။ အချို့ဒဏ်ရာတွေဆိုရင် တော်တော်လေးကိုဆိုးရွားနေကာ အရိုးထိပါမြင်နေရခဲ့သည်။ ဒါကလက်ရှိနဂါးငွေ့တန်းခေတ်တွင်တော့ ဆေးဝါးဆိုင်ရာထောက်ပံ့မှုက မြင့်မားလွန်းသည်မလို့ ဒီလိုဒဏ်ရာအတွက် အသက်ဝိဉာဉ်ကိုမထိခိုက်သရွေ့ကုသနိုင်စွမ်းရှိပေသည်။

ဘယ်သူကအနိုင်ရသွားလဲဆိုတာကိုပြောဖို့ခက်ရင်တောင်မှ ယွဲ့ပေါ်ကရှင်းလင်းစွာပင်အခြေအနေကောင်းနေသေးတယ်လို့ဆိုရပေမည်။ ယွဲ့ပေါ်က ထိုခဏတွင်ရပ်တန့်သွားလေရင်း နှာခေါင်းရှုံ့သည်။

မင်းက စီနီယာတစ်ယောက်ဖြစ်နေတာတောင်မှ ငါထင်ထားသလောက်စွမ်းအားကြီးမနေဘူးပဲ။ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ ဟားဟား

သူ့ရဲ့စကားတွေကတော်တော်လေးကိုအထင်သေးမှုတွေနဲ့ပြည့်နှက်နေခဲ့သည်။ လျှမ်းကျုံးကွမ်းရဲ့မျက်လုံးတွေကအေးစက်သွားပေမဲ့ သူအံကြိတ်၍သာတတ်နိုင်ပေသည်။ သူစကားဆက်မပြောတော့ပေ။ ူကအားနည်းသည်မို့ စကားပြောဖို့အခွင့်မရှိပါချေ။

ထို့နောက်လင်းကွမ်းကပြုံးကာပြောသည်။
" ကောင်းပြီ မင်းတို့နှစ်ယောက်လုံးကောင်းကောင်းဖျော်ဖြေခဲ့ပါတယ်။ အခုသွားပြီးတော့ ကုသမှုခံယူလိုက်ကြတော့

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now