အခန်း179

192 25 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ- Palace of novels

အပိုင်း ၁၇၉ ကံကောင်းတာလား ..ကံဆိုးတာလား
လုဇွီနဲ့ အခြားသူတွေအားလုံးဟာ ကားထဲ ဝင်လိုက်ကြတော့သည်။ အထဲတွင် စစ်သားရာကျော် ရောက်နှင့်ပြီးသားပါပေ။
သူတို့အဖွဲ့ ဝင်သွားတဲ့အခါ အားလုံးက စိတ်ဝင်တစား ကြည့်လာကြသည်။
ထိုလူတွေအားလုံးရဲ့ အကြည့်တွေအောက်တွင် နေရာရှာကာ ထိုင်လိုက်ကြရသည်။
ထို သယ်ယူပို့ဆောင်ရေးကားကြီးတွေထဲမှ နေရာကား အတော်ကျယ်သည်။ အနည်းဆုံး အျခားပုံမွန္ကားတစ္စီး ရပ်လို့ရရုံနီးပါးကျယ်သည်ပေ။
ကားက စထြက္ကာ မြို့ဂိတ်ဆီသို့ ဦးတည်တော့သည်။
စစ်သည်တွေနဲ့ စွန့်စားသွားလာသူတို့ဟာ ကြီးမားလှသည့် သယ်ယူပို့ဆောင်ရေး သငေ်္ဘာကြီးတွေကို မြင်ကြတဲ့အခါ အံ့သြတကြီးဖြစ်ကြသည်။
အိုး သေစမ်း နောက်ထပ်တစ်သုတ်လား သူတို့တွေ ဓားနတ်ဆိုးတွေနဲ့ တိုက်ခိုက်ကြတော့မှာလား
အရင်အသုတ်တွေ ထြက္သြားတာက ရက်နည်းနည်းလောက်ပဲ ရှိသေးတယ်မလား.. ကြည့်ရတာ စစ်ပွဲစတော့မယ်ထင်တယ်
ငါ ဒီကို ရောက်နေတဲ့ သုံးနှစ်အတွင်း ဒီစစ္က ပထမဆုံးဖြစ်ပွားတာပဲ
မကောင်းတော့ဘူး ဘယ္လိုလုပ္မလဲ ငါတို့ ထွက်ပြေးကြမလား
သွားကြစို့ အပြင်ဘက်မှာ အရမ်းအန္တရာယ်များလို့ မြို့ကို ပိတ်ထားလိမ့်မယ်
ငါတို့ မသွားနိုင်ဘူး။ ငါတို့ ဒီမှာပဲနေပြီး အရင်ဆုံးကြည့်မယ်။ ဒါက ငါတို့ချမ်းသာမယ့်အခွင့်အရေးလည်း ဖြစ်နိုင်တယ်လေ
အချို့လူတွေကတော့ သူတို့ရဲ့ကုမ္ပဏီတွေ၊ အဖွဲ့တွေနဲ့ ဆက္သြယ္ကာ ထွက်ခွာဖို့ပြင်နေကြသည်။
နယ္စပ္က သူတွေကတော့ အခြေအနေကို အေဝးမွ ကြည့်ဖို့ရာ စီစဉ်ထားကြသည်။
သူတို့က စစ္တပ္ကို သွားမနှောက်ယှက်မချင်း စစ္တပ္က သူတို့ကို လျစ်လျူရှုထားပေး ပေလိမ့်မည်။
သူတို့တွေ ဒီအခြေအနေက ပိုက်ဆံတွေရှာနိုင်ပြီး အကျိုးအမြတ်တွေ ရနိုင်လောက်လား.
သငေ်္ဘာတွေက အခြေစိုက်စခန်းမှထွက်ကာ အရှေ့ဘက်ဆီ ဦးတည်သည်။
( T/N
သယ်ပူပို့ဆောင်ရေးကားတွေ ပါတဲ့ အာကာသ သငေ်္ဘာကြီးတွေကို ပြောတာပါ။ လုဇွီတို့ပါတဲ့ကားတွေကို အာကာသသငေ်္ဘာတွေ ပြန်သယ်ပြီး ခေါ်ဆောင်သွားတာမျိုးလို့ထင်ပါတယ်)
သယ်ပူပို့ဆောင်ရေးစက်ကြီးတွေက လေတွင်မျောကာ တိုက်ပွဲနယ်မြေသို့ ချဉ်းကပ်သွားနေသည်။
လုဇြီက မပြောင်းလဲတဲ့မြင်ကွင်းကို ကြည့်နေရင်း ပျင်းလာတာမို့ စစ်သားတွေကိုသာ ပြောင်းကြည့်လိုက်တော့သည်။
သူတို့ရဲ့အမူအယာကေတာ့ အမျိုးမျိုးပါပေ။ တချို့က တည်ငြိမ်ကာ စစ်ပွဲအတွက် အသင့်ဖြစ်နေကြသည်။
အချို့ကတော့ ဖြူဖျော့ကာ ချေွးပျံနေကြသည်။
သူတို့အနားတွင် ထိုင်နေသည့် မျက်နှာဝိုင်းဝိုင်းနဲ့စစ်သားလေးဟာ တုန်ယင်နေခဲ့သည်။သူက တပ်သားသစ်ဖြစ်ပုံရသည်။
ကံဆိုးရွာတဲ့ တပ်သားသစ်အဖွဲ့တွေက စစ်ဖြစ်တာနဲ့ ကြုံရရှာတာပဲ
စစ်ပွဲနယ်မြေတွင် စစ်သားသစ်တွေက သေနိုင်ချေအမြင့်ဆုံးဖြစ်သည်။
တိုက်ပွဲစတာနဲ့ သူတို့က ဝင်ရောက်ရမှာဖြစ်သည်။
ထိုအခိုက် တည်ငြိမ်နေတဲ့ စစ်သားတွေက စတင် စကားပြောလာကြသည်။ သူတို့က တပ်သားသစ်တွေကို သူတို့ရဲ့အတွေ့အကြုံတွေ ပြောပြကြသည်။
လင်းလင်ကလည်း သူတို့ကို သင်ကြားပေးပြီးပေမယ့် အတွေ့အကြုံပြည့်ဝနေသည့် စစ်သားအိုကြီးတွေရဲ့ စကားက ပိုသက်ရောက်မှုရှိသည်။
မည်သို့ပင်ဆိုစေ တိုက်ပွဲနယ်မြေတွင် သူတို့က လင်းလင်ထက် ပိုကြာကြာ နေခဲ့ဖူးကြသည်ပေ။
လုဇြီ လင်းလင်ကို ထူးဆန်းသလိုကြည့်လိုက်သည်။
လင်းလင်က ဒီလိုအတွေ့အကြုံရှိတဲ့အတွက် ဂုဏ်ယူနေခဲ့တာမဟုတ်လား
လင်းလင်ကလည်း လုဇြီကို ခပ္စူးစူး ပြန်ကြည့်လိုက်သည်။
မျက်နှာဝိုင်းဝိုင်းနဲ့လူက မုတ်ဆိတ်မွှေးနဲ့လူနဲ့ စကားပြောနေသည်။
ကေလး မင်းနာမည်က ဘာလဲ
ဝမ် .. ၀တုတ်လေးဝမ်.
၀မ်က သူ့ရဲ့ဖြူဖျော့နေတဲ့မျက်နှာက ချေွးကို သုတ်ရင်း ပြန်ဖြေသည်။
ခင်များကရော
နာမည်ကောင်းပဲကွ မင်းနဲ့လိုက်တယ်။ ငါက အာ့ဒ်ဝင် ။ နောက်ထပ် ငါမင်းကိုပြောပြမှာကတော့ တိုက်ပွဲနယ်မြေမှာ ဘယ်လိုရှင်သန်အောင် နေထိုင်ရမလဲ ဆိုတာပဲ
တစ်နာရီကျော်လောက်ကြာတော့ စကားပြောလို့ပြီးသွားကာ အာ့ဒ်ဝင်က စိတ်လှုပ်ရှားနေသည့် ဝမ့်ကို ကြည့်သည်။
မင်းနားလည်ပြီလား
၀မ်က ခေါင်းငြိမ့်သည်။
အာ့ဒ်ဝင်က ဝမ့်ကို ပခုံးပုတ်ပြီး
တိုက်ပွဲကျရင်ငါ့နောက်မှာပဲနေ လို့ပြောလိုက်သည်။
၀မ်က မော့ကြည့်ကာ ပြုံးသည်။
ကျေးဇူးတင်ပါတယ်
အာဒ့်ဝင်က လက်ရမ်းပြသည်။
မလိုပါဘူး ဒါက စစ်တပ်ရဲ့ထုံးစံပဲ။ ငါတို့ကမင်းကို စစ်မှုမထမ်းမနေရ စည်းမျဉ်းနဲ့ဝင်လာတဲ့သူအဖြစ် ဆက်ဆံပေးမယ် ဟုတ်ပြီလား
၀မ် ခေါင်းငြိမ့်လိုက်သည်။
ဟမ့် မင်း တော်တော်တော့ ကံဆိုးတာပဲကြ။ အသစ်တွေက ဖိအားဒဏ်မခံနိုင်ဘဲ ပေါက်ကွဲပြီးသေကြတာများတယ်
အာဒ့်ဝင်က သူ့ခေါင်းကို ပေါက်ကွဲသွားသည့်ဟန် လုပ်ပြသည်။
၀မ့်ခမျာ တုန်ယင်သွား၏။
လုဇွီတို့လည်း ဆွံ့အသွားရသည်။
အာဒ့်ဝင်က လုဇွီတို့အဖွဲ့ရဲ့အမူအယာကိုမြင်တော့ သူက ရယ်လိုက်သည်။ ပြီးမှသာ လုဇြီကို အလေးပြုသည်။
ဒုဗိုလ္လုဇြီ နှုတ်ဆတ်ပါတယ်ခင်မျာ"
လုဇြီ ကျက်သေသေသွားသည်။
ခင်များက ကျွန်တော့်ကို သိတာလား
အာဒ့်ဝင်က ရယ်သည်။
ကျုပ်တို့က အတွေ့အကြုံရှိစစ်သားတွေပါ ပြီးတော့ အတွင်းပိုင်းက သတင်းတွေကိုလည်း ရတယ်လေ။ မင်းက ဓားနတ်ဆိုးမွေးရာပါ ပါရမီရှင်ကို ရှင်လျက်ဖမ်းပြီး ဝိဉာဉ်သတၳုတွင်းကို ရှာတွေ့ခဲ့တဲ့သူပဲ။ မင်းက အလင်းဝင်ပေါက်ဖွင့်လှစ်ခြင်းအဆင့်က ဓားနတ်ဆိုးနှစ်ကောင်ကိုလည်း သတ်ခဲ့သေးတယ်
အာဒ့်ဝင်က လက်မထောင်ပြသည်။
ဒုဗိုလ္လုဇြီ မင်းသောက်ရမ်းမိုက်တယ်
လုဇြီ:..
ဒီလူက သူ့ကို ချီးကျူးတာလား ဆဲတာလား
ထိုအခိုက် ဝမ်သည်လည်း လုဇြီကို ဆွံ့အစွာကြည့်နေခဲ့သည်။
အိုး ဘုရားရေ
ငါ အိပ်ယာက မနိုးသေးတာများလား.
အလင်းဝင်ပေါက်ဖွင့်လှစ်ခြင်းအဆင့် ဓားနတ်ဆိုးနှစ်ကောင်နဲ့ ဝိဉာဉ်သတၳုမိုင်းတွင်းကို ရှာတွေ့ခဲ့တာက ဒီလူငယ်လေးလို့ ပြောလိုက်တာလား
ဒီလို မွေးရာပါ ပါရမီရှင်က သူ့ဘေးမှာ ထိုင်နေတာလား
စိတ်မသက်မသာဖြစ်လိုက်တာ
အခြားသော တပ်သားသစ်တွေကလည်း လုဇြီကို အံ့အားတကြီးကြည့်လာကြသည်။
အတွေ့အကြုံရှိသည့် တပ်သားဟောင်းတွေက လုဇြီကို တညီတညွတ်ထဲ အလေးပြုလာသည်။
ဒုဗိုလ္လုဇြီ အလေးပြု
သူတို့ရဲ့လေးစားမှုကို ခံယူဖို့ လုဇြီက ထိုက်တန်တယ်
ကားထဲက လေထုက တိတ်ဆိတ်သွားတော့သည်။ ယဲ့မူဟာလည်း အမျိုးသမီးတပ်သားသစ်တွေက လုဇြီကိုသာ တောက်ပတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာကို တွေ့လိုက်ရသည်။ သူ့မျက်နှာ မဲ့ရွဲ့သွား၏။
ဒါကိုတော့ အကြီးကြီးကို မနာလိုဖြစ်တယ်
သူကေရာ ဒီလို ဆက္ဆံခံရဖို့ ဘယ်တော့လောက်များ အခွင့်အရေးရှိမှာလဲ
လင်းလင်လည်း ရှက်ရွံ့နေပုံရသည့် လုဇြီကို ကြည့်လိုက်သည်။
ဒီကောင်တော့ ပို ဂုဏ်မောက်သွားတော့မှာပဲ
စိတ်ရှုပ်စရာ
အာဒ့်ဝင်က ဝမ့်ရင်ဘတ်ကို တစ်ချက်ရိုက်သည်။
ခုနတုန်းက ငါနောက်နေတာ။ ဒုဗိုလ်လုဇွီလည်း ငါတို့နဲ့ အခြေစိုက်စခန်းချင်း တူမယ်မထင်ထားခဲ့ဘူး။သူဒီမှာရှိနေတာ မင်းကံကောင်းတယ်။ ဂရုလေးပဲ သေချာစိုက်လိုက် မင်းရဲ့ပထမဆုံးစစ်ပွဲအတွေ့အကြုံက အံ့သြစရာ ကောင်းသွားလိမ့်မယ်
၀မ်လည်း ချက်ချင်း တွေးတောလိုက်သည်။
အလင်းဝင်ပေါက်ဖွင့်လှစ်ခြင်းအဆင့် နှစ်ကောင်ကို သတ်ခဲ့တဲ့ တစ်စုံတစ်ယောက်နဲ့သာ သူအတူရှိမယ်ဆိုရင် သူလည်း ရှင်သန်နိုင်ဖို့ တစ်ရာ ရာခိုင်းနှုန်းအခွင့်အရေးရှိသွားမှာပဲ.
ကောင်းလိုက်တာ
လုဇွီလည်း ဝမ့်ဆီက လျှံထွက်နေတဲ့ ယုံကြည်အားကိုးမှုတွေကို ခံစားမိပေသည်။
သူ နည်းနည်းတောင် စိုးရိမ်လာပြီ။
သူ့ကို အရမ်းကြီးတော့ ယုံမနေသင့်ဘူးလေ
သူက လူစွမ်းကောင်းမှမဟုတ်တာ.
ဒီလိုယုံကြည်လွန်းတာကြီးကျတော့ မ်ားမေနဘူးလား
လုဇြီ လည်ပင်းလေးဆန့်ရင်း ပြောလိုက်သည်။
ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ
လက်ရှိတွင် ဖိအားက တကယ်များနေခဲ့ပြီ။
သို့သော် သူက အလင်းဝင်ပေါက်ဖွင့်လှစ်ခြင်းအဆင့်ဖြစ်ရာ ဒီလူတွေကို အကုန္သယ္သြားဖို့ကေတာ့ ပြဿနာမရှိလောက်ပါပေ။
တစ်ရက်ကြာပြီးနောက် ယဉ်တန်းက ဂြိုလ်ရဲ့ ကန္တာရဒေသကို ဖြတ်သန်းသွားခဲ့သည်။ သူတို့ကို တိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့ သားရဲအနည်းငယ်ကိုတော့ တွေ့ခဲ့ရပေမယ့် သူတို့တွင် အလင်းဝင်ပေါက်ဖွင့်လှစ်ခြင်းအဆင့်ဖြစ်သည့် လုဇွီပါနေခဲ့သည်မဟုတ်လား.
ထို့ကြောင့် ချီစွမ်းအား နည်းနည်းထုတ်လိုက်ရုံနဲ့ သားရဲတွေက ပျော်ပျော်ရွှင်ရွှင် ပြေးထွက်သွားတတ်သည်ပေ။
ထိုအခိုက် ယဉ်တန်းက လမ်းကြောင်းသုံးခု ခွဲသွားခဲ့သည်။
လုဇွီရဲ့ယဉ်က တည့်တည့်ဆက်သွားပြီးမှ ကွေ့လိုက်သည်။
နှစ်ကြိမ်လောက် ကွေ့ပြီးနောက် သူတို့ရဲ့ယဉ်တန်းက အခြားယဉ်တန်းတွေနဲ့ ကွဲသွားခဲ့ပြီဖြစ်သည်။
အားလုံးက ကိုယ်ပိုင်တာဝန်ကျရာ တိုက်ပွဲနယ်မြေရှိ အခြေစိုက်စခန်းအသီးသီးကို သွားကြရမည်ဖြစ်သည်။
အခြေစိုက်စခန်းက သေးငယ်ပေမယ့် အမျိုးမျိုးသော အမြှောက်တွေနဲ့ ပြည့်နှက်နေခဲ့သည်။ထူထဲလှသည့် ဝိဉာဉ်စွမ်းအင်အကာအကွယ်လွှာက အခြေစိုက်စခန်းတစ်ခုလုံးကို ဖုံးကာထားပေးသည်။
သူတို့ဆင်းလိုက်တာနဲ့ ရင်းနှီးတဲ့အသံကို ကြားလိုက်ရသည်။
ဂျူနီယာလုဇွီ ဒီကိုလာ

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now