အခန်း184

202 27 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၈၄ (လုဇြီက ရုတ်တရက်ကြီး မောက်မာသွားတယ်)

တိုက်ပွဲနယ်မြေတွင် သိုင်းအမြူတေအဆင့် ဓါးနတ္ဆိုးရဲ့ဓါးက သွားမကျိန်းမတတ် ဆူညံစူးရှလွန်းတဲ့အသံကို ထွက်ပေါ်နေစေလေရင်း လင်းလင်ဆီသို့ တိုးဝင်လာနေခဲ့သည်။

ဖန်သားပြင်ကိုကြည့်ရင်း လူတိုင်းရဲ့ မျက်လုံးတွေက ပြူးကျယ်သွားရကာ ပင့်သက်ရှိုက်လိုက်ရသည်။ ဓါးနတ်ဆိုးနှစ်ကောင်က ဒုဗိုလ္လုဇြီကို သတိမပြုမိလေဘဲ အလွန်အမင်းလှပတဲ့ ထိုမိန်းကလေးကိုသာ တကယ့်ကိုစွမ်းအားကြီးမားတဲ့ မွေးရာပါ ပါရမီရှင်လို့ သတ်မှတ်လိုက်ပုံရပေသည်။

သူမက တကယ္ကို လှပလွန်းတာပဲ။

သူတို့ သူမေသတာကို ဒီလိုတော့ ထိုင်ကြည့် မနေနိုင်ဘူးလေ။

လုဇွီသည်လည်း ဒါကိုမြင်တော့ ဆွံ့အသွားရသည်။

လင်းလင်မှာ ခြုံခိုတိုက်ခိုက်တဲ့ ပါရမီရှင်တွေကို ဆွဲဆောင်နိုင်တဲ့ စွမ်းရည်တွေများ ရှိနေတာများလား။

သူမကို နက်နဲသိုင်းစစ်သည်အဆင့်ရှစ် ဓါးနတ်ဆိုးတစ်ကောင်က ခြုံခိုတိုက်ခိုက်ပြီးပြီ။  လက်ရှိတွင်တော့ သိုင်းအမြူတေအဆင့် အထွတ်အထိပ်သို့ ရောက်နေတဲ့ ဓါးနတ်ဆိုးနှစ်ကောင်က အံ့အားသင့်စရာကောင်းလောက်အောင် သူမကိုသာ ခြုံခိုတိုက်ခိုက်လာပြန်သည်။

လင်းလင်က နက်နဲသိုင်းစစ်သည်အဆင့်ကိုး ဓါးနတ္ဆိုးရဲ့ တိုက်ခိုက်မှုတွေကို ခက်ခက်ခဲခဲ ရှောင်တိမ်းနေရပေသည်။ ထို့ကြောင့် သူမကျောဘက်မှ တိုက်ခိုက်မှုကို အာရုံခံမိတဲ့အခါမှာတော့ သူမရဲ့အမူအရာက အလွန်အမင်းအေးစက်သွားတော့သည်။

ဒီပြိုင်ဘက်က တကယ္ကို ယုတ်မာတာပဲ။

ငယ်ရွယ်တဲ့ လူသားမိန်းကလေးတစ်ယောက်ဟာ ကျင့်ကြံခြင်းအဆင့်မှာ သူတို့ထက် နိမ့်ကျနေတာတောင်မှ သူမရဲ့ နတ်စွမ်းအင်ကိုမူတည်ပြီး တစ်ဖက်ဓါးနတ်ဆိုးကို တိုက်ခိုက်နိုင်နေခဲ့သည်။

ဒါက အဆင့်ကိုးဓားနတ်ဆိုးကို တကယ်စိတ်ရှုပ်စေသည်။

ကံကောင်းတာက ဒီကေလးမ သေရတော့မှာပဲ။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now