အခန်း37

312 53 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၃၇ မွေးရပါပါရမီရှင်တစ်ယောက်ကို သတ်မိတော့မလိုဖြစ်ချင်း

ဟင်..

  ဒီဆုံးဖြတ်ချက်က လူတိုင်းကို အံ့သြတကြီးဖြစ်ကာ မျက်လုံးပြူးစေသည်။ ယှဉ်ပြိုင်မယ် သင်တာမဟုတ်ပဲ ယှဉ်ပြိုင်မှာလား လူတိုင်းက လူဇြီကို နတ်ဘုရားတစ်ပါအလား ထင်မိနေကြသည်။

  ဘုရားရေ ကျောင်းသားတစ်ယောက်က ဆရာတစ်ယောက်နဲ့ သိုင်းပြိုင်မယ်လို့ ပထမဆုံးအကြိမ် ကြားဘူးတာပဲ 

ငါတို့ အားလုံး ကျောင်းအတူတူတက်ကြတာပဲလေ ဘာလို့ လူဇြီက ပိုတော်နေတာလဲ

ဖြစ်နိုင်တာက သူမွာ တိုးတိုးတိတ်တိတ်သင်နေတဲ့ နည်းပြများရှိနေတာလား 

ငါထင်တာကတော့ အဲဒီလို ကိစ္စမျိုးရှိနေတာ ဖြစ်မယ် ဘာပဲဖြစ်ဖြစ်ပါ သူက နင့်တို့အားလုံးထက် အရမ်းချောတယ်လေ 

အမျိုးသမီးတစ်ယောက်က လူဇွီကိုကြည့်ကာ ခပ်တိုးတိုးဆိုလိုက်သည်။

ပေါက်ကရတွေ ငါကပိုပြီးချောတာ ပြီးတော့ ငါကပိုပြီးရှည်တယ် 

ဖူး

အများစုသော မိန်းခလေးတွေက မကျေမနပ်ဖြစ်ကာ အထွန့်တက်ကြသည်။ တချို့သော အမျိုးသမီးကျောင်းသူတွေသာ လူဇြီကို တိတ်တခိုးကြည့်ရင်း တောက်ပနေသည့် မျက်လုံးတို့ဖြင့်ရှိုးနေကြသည်။ တချို့ကတော့  စိတ်ရှုပ်နေကြ၏ ။

ပိုရှည်တယ် ဘာကိုပိုရှည်ရမှာလဲ

  တချက်မြင်ရုံနဲ့ ကွဲကွဲပြားပြားသိနိုင်ကြတာများလား
ငါသွားမေးလိုက်ရင် ငါ့ကိုငတုံးလို့ပြောလောက်လား

လုဇြီက လီလျန်းကိုကြည့်လိုက်သည်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် လီလျန်းက ဆရာကောင်း တစ်ယောက်ဖြစ်သည်။ အပြစ်ပေးဒဏ်ပေးပြီး ကျောင်းသားတွေကို ဂရုစိုက်ထိန်းကြောင်းနိုင်၏ ။အခုလို သင်ကြားပေးရမဲ့အစား ယှဉ်ပြိုင်မယ်လို့ပြောလိုက်တာက ဆရာတစ်ယောက်ရဲ့ သိက္ခာကိုထိခိုက်နိုင်ပေမယ့်လည်း သူက ဒီအကြောင်းအရာကို ဆွဲယူလာလိုက်သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now