အခန်း29

314 53 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၉ မင်းကိုယ်မင်း ခွေးလို့ရော ထင်သေးရဲ့လား

သိပ်မကြာခင်အချိန်တွင် လုဇွီတစ်ယောက် ကြီးမားတဲ့သားရဲကြီးရဲ့ လွှမ်းမိုးမှုမှ လွတ်အောင် ရုန်းထွက်လိုက်သည်။

သူ့တွင် ထိုကောင်ကြီးနဲ့ ယှဉ်နိုင်စွမ်းမ၇ှိသေးပေ။ ဒီတော့ သူ မလုပ်နိုင်သေးတဲ့ အရာတွေကို တွေးဖို့မလိုအပ်သေးဘဲ သူ့စွမ်းအားကိုသာ တိုးမြှင့်ဖို့ လုပ်ရမည်ပေ။

သားရဲကြီး လုပ်ခဲ့တဲ့ လေပြင်းကြောင့် သူ့အနား၀န်းကျင်က မြက်ခင်းတွေ ဘေးသို့ လွင့်ထွက်ကုန်သည်။ ထို့ကြောင့် သူ့ရဲ့မြင်ကွင်းက ၇ှုင်းလင်းနေ၏။ သိပ်မကြာခင်တွင် နောက်ထပ် ယုန်တွင်းတစ်တွင်းကို လုဇြီ ရှာတွေ့လိုက်သည်။

လုဇြီ ချက်ချင်းတိုး၀င်သွားသည်မှာ ကိုယ့်အိမ်ကိုယ် ပြန်ရောက်သည့်အလားပင်။ အိမ်၇ှင်က လက်ခံမလား လက်မခံလားဆိုတာကိုတော့ သူဂရုမစိုက်ပေ။

အချိန်အနည်းငယ်ကြာတော့ လုဇြီက တွင်းအဆုံးကို ရောက်လို့လာသည်။ သူ့အကြည့်တွေက အေးစက်ကာ အသက်၇ှူသံတွေနဲ့ နှလုံးခုန်သံကို ထိန်းချုပ်လိုက်သည်။ ခိုးကြောင်ခိုးဝှက်နဲ့ ခေါင်းလေးသာအရင်ထွက်ကြည့်လိုက်သည်။

အထဲကမြင်ကွင်းက လုဇြီကို မျက်လုံးပြူးသွားစေသည်။အထဲတွင်ပြာတွေခင်းထားတာကို မြင်ရကာ ကြီးမားလှသည့် ယုန်ကြီးခြောက်ကောင်ကိုသာ မြင်ရသည်။ထိုပြင် ယုန်တွေက မြေပြင်တွင်လဲနေကြခြင်းပင်။

လုဇြီ ခန့်မှန်းကြည့်လိုက်သည်။

" ယုန်တွေက သားရဲကြီးတစ်ကောင်ကို ကြောက်လို့ ဒီခြောက်ကောင်ပဲ ကျန်ခဲ့တာဖြစ်မယ် "

သူ အတွင်းထဲ လိုက်ကြည့်သော်လည်း အလင်းလုံးတွေကို မမြင်ရပေ။

" သူကိုယ်တိုင်သတ်မှများ အလင်းလုံး ထြက္တာလား "

ဒီလိုဆိုမွေတာ့ သူ့အိမ်မက်ဖြစ်တဲ့ သားရဲကြီးနှစ်ကောင် အချင်းချင်းတိုက်ခိုက်တာကို စောင့်ပြီး အလင်းလုံးတွေ ကောက်မယ်ဆိုတဲ့ မျှော်လင့်ချက်က အက်ကွဲသွားရပြီ။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now