အခန်း131

212 28 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၃၁ ဘယ်သူ့မှာရောပထမဆုံးအကြိမ်ဆိုတာမရှိလို့လဲ

သုံးနာရီကြာပြီးသည့်နောက် လုဇွီဖြေးညင်းစွာဖြင့် မျက်လုံးတွေဖွင့်လိုက်လေသည့်အခါ အနီရောင်အလင်းတို့က ထိုမျက်၀န်းထဲတွင်လက်နေခဲ့သည်။ သူလက်တွေကိုဖြန့်လိုက်ရင်း  မီးတောက်တွေကတဝှေ့ဝှေ့ဖြစ်ကာ ပြောင်းလဲနေတာကိုကြည့်နေခဲ့၏။ ထိုအရာကအရမ်းကိုယဉ်ပါးလာပုံရကာ ပြင်းထန်တဲ့စွမ်းအင်တို့ကိုပါ သယ်ဆောင်နေခဲ့သည်။

သူ့ရဲ့အပြုံးတွေက ကျေနပ်မှုတွေနဲ့ပြည့်နေခဲ့သည်။ သူ့ရဲ့မီးနတ်စွမ်းအင်က အတော်လေးကိုတိုးတက်လာပြီဖြစ်၏။ ဖြစ်နိုင်တာက သူကမီးနတ်စွမ်းအင်ကို နက်ရှိုင်းသထက်နက်ရှိုင်းအောင်နားလည်လာလေရင်း တိုးတက်မှုကမြင့်မားလာသလို သူ့ရဲ့နားလည်သဘောပေါက်မှုက ဆရာအဆင့်ရောက်လာပုံလည်းရသည်။ သူထိုသို့သင်ယူနေတဲ့အတောအတွင်းမှာတော့ နားလည်သဘောပေါက်မှုက တိုးသထက်တိုးလာခဲ့လေပြီ။

ပထမအကြိမ်တုံးကဆိုရင် သူတစ်ညလုံးအသုံးပြုခဲ့၇၏။ လက်ရှိမှာတော့ သူလေ့လာဆင်ချင်တာကိုအပြီးသတ်ဖို့ သုံးနာရီသာလိုခဲ့သည်။ သူ့ရဲ့ခေါင်းတွေကိုအသာပွတ်လိုက်လေရင်း အချို့အရာတွေကိုသူစီစဉ်နေခဲ့၏။ သူ့ရဲ့လေနတ်စွမ်းအင်ကို လက်ရှိမှာတိုးတက်အောင်လုပ်လို့မရဘူးဆိုမှတော့ မီးနတ်စွမ်းအင်ကိုပြီးပြည့်စုံအောင်သင်ယူလိုက်တာက ပိုကောင်းပေသည်။

သူ့ရဲ့ခွန်အားနတ်စွမ်းအင်ဆိုတာကလည်း အတော်လေးကိုတိုးတက်နေပြီဖြစ်၏။ ဒါကသူ့ခန္ဓာကိုယ်လက်ခံထားနိုင်တဲ့အကန့်အသတ်ကိုရောက်ရှိခဲ့ပြီဖြစ်သည်။ လုဇွီတစ်ခဏလောက်တွေးတောဆင်ခြင်လိုက်လေသည်။

ထို့နောက်အနီရောင်အလင်းလုံးတွေကိုအသုံးပြုရင်း သူ့ရဲ့ဝိဉာဉ်စွမ်းအင်ကျင့်ကြံခြင်းကိုတိုးမြှင့်ဖို့နဲ့ ခန္ဓာကိုယ်ကိုတိုးတက်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်သည်။ လုဇြီမွာ ဝိဉာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီဆိုပေမဲ့လဲ သေမျိုးဆင့်ကဲပြောင်းလဲခြင်းအဆင့်လောက်ကိုသာ ပိုင်ဆိုင်နေသေးပေသည်။ ထိုသို့ဆိုပေမဲ့လဲ သူ့ရဲ့ဝိဉာဉ်စွမ်းအင်ကျင့်ကြံခြင်းအဆင့်က သေမျိုးဆင့်ကဲပြောင်းလဲခြင်းအဆင့်စွမ်းအင်ကိုမှ ပိုင်ဆိုင်ထားခြင်းမရှိလေဘဲ။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now