အခန်း196

195 26 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၉၆

အခြေစိုက်စခန်းကို ပြန်လာပြီးတဲ့နောက် ခုခံရေးကို အားဖြည့်ဖို့ လူအိုကြီးဒါ၇ီက စစ်သားတွေကို မေးသည်။ ထို့နောက် သူက အထက်ကိုတင်ပြတာနဲ့ စစ်သားအလောင်းတွေကို ကိုင်တွယ်ဖြေ၇ှင်းဖို့ ညွှန်ကြားလေသည်။

တပ်သားတွေလည်း ကုသမှုတွေ ခံယူကြသည်။

နန်ကုန်းကျင်းတို့လို စွမ်းအားကြီးမားသူတွေတောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေကြသည်။ ထို့ကြောင့် သူတို့လည်း ကုသမွုခံယူရ၏။

စစ်ပွဲတွင် အနိုင်ရခဲ့သည်မို့ အားလုံးက တက်ကြွနေကြသည်။

ဒီလိုနဲ့ ညအချိန် ရောက်လာသည်။

လုဇြီကေတာ့  အဆောင်ကိုသာ ပြန်လာလိုက်သည်။

လင်းလင်တို့တွေလည်း တိုက်ပွဲတွင် ဒဏ်ရာတွေရခဲ့ကြသည်။ အထူးသဖြင့် ရှာဗီယာဖြစ်သည်။ ထို့ကြောင့် လျှိုရီဆာက သူတို့တွေကိုလည်း နန်ကုန်းကျင်းတို့နဲ့အတူ ကုသမှုခံယူစေသည်။

လုဇြီက အားနည်းနေရုံသာဖြစ်သည်။ ထို့ကြောင့် သူက အဆောင်သို့ ပြန်လာလိုက်ခြင်းဖြစ်သည်။

သူ့မျက်လုံးတို့တွင် နွမ်းနယ်မှုတို့ ထင်ဟပ်နေသည်။ သူ ရေချိုးကာ သူ့ကိုယ်က သွေးတွေကို ဆေးကြောလိုက်သည်။ ထို့နောက် အိပ်ယာပေါ် လှဲအိပ် ပစ်လိုက်တော့သည်။

သူ တစ်နေ့လုံးနဲ့တစ်ညလုံး အိပ္ဖို့ ဆုံးဖြတ်ထားသည်။

သူ အရမ်းပင်ပန်းနေပြီ။

သူ အနားယူမှရမယ်။

လုဇြီ မျက်လုံးတွေမှိတ်လိုက်ကာ အမှောင်ထုထဲ နစ်မြုပ်သွားတော့သည်။

ထိုအချိန်တွင် လေပြေလေးတွေ တိုက္ခတ္လာကာ မြက်ခင်းနံ့တွေက သူ့ကို လာရောက်ကျီဆယ်သည်။

သူ မျက်လုံးတွေကို ဖြေးညှင်းစွာ ဖွင့်လိုက်ဖြစ်သည်။ ကောင်းကင်က ကြည်လင်နေကာ နွေးထွေးတဲ့နေ၇ာင်ခြည်က သူ့မျက်နှာပေါ်  ဖြာကျနေသည်။ သို့ရာတွင် နွေးထွေးမှုကိုတော့ မခံစားရပါချေ။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now