အခန်း17

339 63 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၇  ရွေးချယ်ခံတိုက်ပွဲ

လုဇွီသည် လုလီနှင့် အခြေခံလက်သီးသိုင်းနှင့် ရွေ့လျားမှုသိုင်းတို့ကို ပုံမှန်အတိုင်း လေ့ကျင့်ခဲ့သည်။ အခြေခံလက်သီးသိုင်းနဲ့ ရွေ့လျားမှုသိုင်းတို့တွင် ကွာခြားချက်အချို့ရှိသော်လည်း တစ်စုံတစ်ယောက်က ပြီးပြ ည့်စုံအောင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သည့် အဆင့်သို့ ရောက်သွားပါက အားလုံးကို အတူတူလို့ မြင်လာနိုင်ပေလိမ့်မည်။ အရေးအကြီးဆုံးအချက်ကတော့ စွမ်းအား အသုံးပြုနိုင်စွမ်းသာဖြစ်သည်။

တစ်နာရီကြာသော် လုလီတစ်ယောက် မြေပြင်တွင် ချေွးတို့ရွှဲကာ လဲနေလေပြီ။လုဇွီကတော့ သူ့ဘေးတွင် မရိုးသားသည့် အပြုံးဖြင့် ရှိနေ၏။

နင် ကျေနပ်ရဲ့လား
လုဇြီရဲ့ နတ်ဆိုးဆန်တဲ့ အပြုံးကို တစ်ချက်ကြည့်ကာ လုလီပြောလိုက်သည်။

ဒါပေါ့
လုဇြီကေတာ့ မျက်လုံးတွေ ကျဉ်းမြောင်းရင်း ပြုံးနေ၏။

သူ လုလီကို တကယ်မရိုက်ရပေမယ့်လည်း တိုက်ခိုက်သည့်နေရာတွင်တော့ အရမ်းတိကျနေလို့မရခဲ့ပေ။ တစ်နာရီကြာသွားသည့်အခါတွင်တော့ လုလီကိုယ်တွင် အားတစ်စက်မှ မကျန်တော့ဘဲ သူ့ခမျာ မြေပေါ် ထိုင်ချပြီး အမောဖြေနေရလေပြီ။

ငါ့ရဲ့ ငါးပါးစပ်နဲ့ ညီမေလး အကိုကြီးက ငါ့ညီမကောင်းဖို့ လုပ်ပေးတာပါကွာ။ ငါ တိုက်ခိုက်တဲ့နေရာမှာ တင်းကျပ်တာက နင်ကောင်းဖို့အတွက်ပဲလေ
လုဇြီက ပြောလိုက်သည်.။

( A/N လုလီက မောနေတာမို့ ဟစိဟစိနဲ့ အသက်၇ှူနေတဲ့ပုံကို ကြည့်ပြီး ငါးနဲ့တူတယ်ပြောတာပါ)

လုလီ ခေါင်းကိုတစ်ဖက်သို့ လှည့်လိုက်ကာ စကားမပြောတော့ပေ။ ဒီစကားတွေကို သူရင်းနှီးနေတယ်။ သေချာတာပေါ့ အရင်၇က်တွေက သူ လုဇြီကို ပြောခဲ့တဲ့ စကားတွေပဲလေ။

လုလီ အတော် ဒေါသထွက်နေပြီ....

ကောင်းပြီ ငါ ရေသွားချိုးတော့မယ်နော်

လုလီ စကားပြောချင်ပုံမရတာကိုသိတော့ လုဇြီ သွားရှုပ်မနေတော့ပေ။ အဲ့ဒိအစား ရေချိုးဖို့သာ ထွက်လာလိုက်သည်။နောက် ပျော်ရွှင်မြူးထူးစွာဖြင့် အိမ္သို့ ပြန်ခဲ့သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now