အခန်း31

328 51 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၃၁ နေ့တိုင်း ရောင်းအားကောင်းသော လူသုံးကုန်ပစ္စည်း

နှစ်ပတ်ကြာပြီးနောက် တနင်္ဂနွေနေ့ မနက်တွင်
သိုင်းလေ့ကျင့်ရေးကွင်း

လုဇွီနဲ့ လုလီက မနက်တိုင်း ငြိမ်သက်စွာ လေ့ကျင့်သည်။ လုလီရဲ့ သိုင်းလှုပ်၇ှားမှုက ညင်သာကာ ကြည့်လို့ကောင်းပေသည်။ သိုင်းကွက်တွေက တိတ်ဆိတ်ပေမယ့် အတော်လည်းမြန်သည်။ လက်ဝါးချက်တွေက နူးညံ့တယ်ထင်ရပေမယ့် ပြင်းထန်တဲ့ စွမ်းအားတို့ကလည်း နစ်မြုပ်နေ၏။

လုဇွီရဲ့သိုင်းကတော့ ပိုပြီး သက်ရောက်မှုရှိလာကာ သူ အသုံးပြုချင်ပါက အနည်းငယ် လှုပ်၇ှားဖို့သာ လိုသည်။

ပုံရိပ်နှစ်ခုက ထိပ်တိုက် တိုက်ခိုက်နေသည်။ လုလီက အမ်ားဆုံး တိုက်ခိုက်တာဖြစ်ပြီး လုလီကေတာ့ ရှောင်လို့သာနေသည်။ လုဇြီက တစ်ချက်တစ်ချက်မှသာ လုလီကို ထိရိုက်တာမျိုးရှိသည်။ ထိုသို့ထိရိုက်တိုင်းတွင် လုလီရဲ့ သိုင်းကွက်တွေက ကျေပျက်သွားတတ်၏။ထိုသို့ဖြစ်တဲ့အခါ လုလီက မ်က္လုံးခဏမွိတ္ကာ မည်သို့ဆက်တိုက်ရမည်ကို တွေးတောတတ်သည်။

နာရီ၀က်ကြာတဲ့အခါ လုလီတစ္ကိုယ္လုံး ချေွးတို့ ရွှဲရွှဲစိုနေပြီ။ သိုင်း၀တ်စုံကလည်း ကပ်နေတာမို့ သူမရဲ့ ကိုယ်ကောက်ကြောင်းတို့ ပေါ်နေလေပြီ။

ငါတို့ဒီနေ့အတွက် လုံလောက်ပြီ နင့်ကြည့်ရတာ အတော်ပင်ပန်းနေတဲ့ပုံပဲ
လုဇြီက ပြုံးကာ လုလီရဲ့လက်ဝါးကို ရှောင်လိုက်သည်။
လုလီ ခေါင်းငြိမ့်သည်။ နှဖူးက ချေွးတို့ကို ပွတ်သုတ်ပြီးနောက် မြေပေါ် ထိုင်ချလိုက်သည်။

ဒီနေ့ ဘယ်လိုနေလဲ

အရင်ကထက်တော့ တိုးတက်လာပြီ  တဖြေးဖြေးတော့ အရမ်းတိုးတက်လာမှာပါ ဒါတွေအားလုံးက ဒီအကိုကြီးကြောင့်ပဲလေ
လုဇြီက ပြုံးနေ၇င်း လုလီဘေး ၀င်ထိုင်လိုက်သည်။
လုလီ နှုတ်ခမ်းတို့ လှုပ်၇ှားသွားသည်။ ၀န်မခံချင်ပေမယ့် ဒီကောင့်ကြောင့်သာ သူ တိုးတက်လာရတာကိုတော့ လက်ခံရပေမည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now