အခန်း54

332 56 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ Palace of Novels

အပိုင်း ၅၄။ဥက္ကဌ သူဠေးရဲ့ပုံစံပဲ တကယ်မိုက်တယ်

လုလီရဲ့အတန်းထဲတွင်လုဇွီရဲ့ကိုယ်ကသလင်းကျောက်ရောင်ပြောင်းသွားတာကိုမြင်တော့ပျော်ရွှင်စွာရယ်လိုက်သည်

အဖေပြောတာမှန်နေတဲ့ပုံပဲ စီနီယာအစ်ကိုကတကယ်ဘဲနတ်စွမ်းအားကိုနိုးထလာနိုင်တဲ့ပုံ။ကြည့်ရတာတော့အဲ့တာကသိုင်းခန္ဓာကိုယ်အမျိုးအစား နတ်စွမ်းအားထင်တယ်
အဲလစ်ကတွေးရင်းပြောလိုက်သည်။

လုလီကလည်းနေရောင်အောက်တွင်ကိုယ်ရောင်အလင်းများဖြာထွက်နေတဲ့ လုဇြီ ရဲ့ ကိုယ်ကိုမှင်သက်စွာကြည့်နေလိုက်သည်။ ဒီကောင်က တကယ်ဘဲဒီလောက်ထိစွမ်းအားကြီးနေပြီလား။သူမအနေနဲ့တော့သူနဲ့ဆက်ပြီးတိုက်ခိုက်နိုင်တော့မယ်မ ထင်ပေ။

လုဇြီက အေးစက်စွာဖြင့်ထိုကြောက်မက်ဖွယ်ကောင်းလှသည့် သလင်းဝါကျောက်သားရဲနှစ်ကောင်ကိုကြည့်နေလေသည်။ နောက်သူက ဒူးကွေးလိုက်ရင်းမြေပြင်ကိုတစ်ချက်ဖိနင်းကာခုန်လိုက်သည်။

ခြိမ်း

လျှပ်စီးသံကပေါက်ကွဲသံနှင့်အတူထွက်လာသည်။ တစ်မီတာလောက်နက်တဲ့တွင်းပေါက်တစ်ခုက လုဇြီ ရဲ့ခြေနင်းချက်ကြောင့်ဖြစ်ပေါ်လာလေသည်။ ထိုအခါလုဇြီရဲ့ကိုယ္က စည်းချက်ကျတဲ့အလင်းတန်းအဖြစ်ပြောင်းကာအနည်းငယ်သေးငယ်သည့်ညာဘက်တွင်ရှိသည့် သားရဲရှေ့တွင်သွားပေါ်သည်။

သူ့ကိုယ်က သလင်းရောင်အလင်းတို့ကဖြာထွက်လာရင်းလုဇွီက ညာလက်သီးဖြင့်ထိုသလင်းဝါကျောက်သားရဲ ရဲံ ဝမ်းဗိုက်ကိုထိုးလိုက်တော့သည်။ သူကသူရဲ့နတ်စွမ်းအားဖြစ်တဲ့လေအခြေပြုစွမ်းအားကိုမသုံးပါပေ။ ထိုအစားသူ့ကိုယ်ကစွမ်းအားကိုသာသုံးထားခြင်းဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့လက်သီးအားလိုင်းတို့ကလေထုထဲတက်လာ၏။ 

ဝေါင်း

အလွန်အမင်းပြင်းထန်သည့် အန္တရာယ်ကိုအာရုံခံမိသည့်အလျှောက်ထိုသေးငယ်တဲ့သလင်းဝါကျောက်သားရဲက ဟိန်းဟောက်လိုက်သည်။ ထိုအခါသူ့ပေါ်မှ အဝါရောင်အလင်းတို့ထွက်ပေါ်လာ၏။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now