အခန်း8

485 69 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၈ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်

လန်ကျန်းဂြိုလ်သည် လွန်းထယ် ဆိုလာအဖွဲ့အစည်းတွင်ရှိကာ အခြားသောအဖွဲ့အစည်းတို့ထက် ပိုကြီးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ထိုကြယ်ကို လွန်းထယ်လို့ခေါ်သည်။ ထိုကြယ်တွင် ဂြိုလ်သုံးဆယ့်သုံးလုံးလှည့်ပတ် တည်ရှိနေပြီး လေးခုကတော့ သက်တမ်းရှည်ကြာသည်။

ထိုဂြိုလ်လေးခုထဲတွင် လန်ကျန်း၊ ဟိုင်ယန်နှင့် ကျင်းပင်းဆိုတဲ့ လူတွေနေသော ဂြိုလ်တွေလည်းရှိသည်။ အခြားသော ဂြိုလ်ငယ်တစ်ခုကတော့ ကြောက်မက်ဖွယ်သားရဲတို့နဲ့ပြည့်နေကာ နန်ဖုန်းလို့ခေါ်သည်။

နန်ဖုန်းတွင် သိပ်မကြီးသော ပင်လယ်တစ်ခုရှိသည်။ သို့ရာတွင် ဆားတွေနဲ့လတ်ဆတ်တဲ့ရေကန်တွေက မြေမျက်နှာသွင်ပြင်တွင် အက်ကွဲထွက်နေတတ်၏။ အခြားကျန်တဲ့မြေတွေကသာ ကုန်းမြေဖြစ်သည်။

ထိုဂြိုလ်က သိပ်မကြီးသလို ကမ်ဘာမြေရဲ့ အရွယ်အစားလောက်သာရှိသည်။ အမျိုးမျိုးသော ကြောက်မက်ဖွယ်သားရဲတို့ ထိုနေရာတွင် နေကြသည်။ ထိုနေရာက သိပ်ကောင်းသည့် အမဲလိုက်ကွင်းလို့ပင် ပြောလို့ရသည်။ လန်ကျန်း၊ ဟိုင်ယန်နဲ့ ကျင်းပင်းတို့မှ သိုင်းပညာရှင်တို့က  ထိုနေရာသို့ သြားကာ အမဲလိုက်ပြီး ပြန်ရောင်းတတ်ကြသည်။

ဒီတစ်ကြိမ်တော့ အလယ်တန်းကျောင်းသား၊ကျောင်းသူတိုင်းက သူတို့ရဲ့ ဘွဲ့ယူခြင်းစစ်ဆေးပွဲကို ထိုဂြိုလ်တွင် လုပ်ရပေမည်။ သိသိသာသာပါပဲ ထိုပြဲက လွန်းထယ်အဖွဲ့အစည်းရဲ့ ထင်၇ှားသည့် အခမ်းအနားပွဲကြီးဖြစ်ပေလိမ့်မည်။   ထို စစ်ဆေးပွဲတွင် ရပ်တည်နိုင်မည့်သူတွေက လူသားမျိုးစိတ်တွင် အကောင်းဆုံးစာသင်သားတွေဆိုပြီး သတ်မှတ်ခံရကာ ဗဟိုအစိုးရ တက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

ထိုပြဲက လွန်းထယ်ရဲ့ ဂုဏ်အသေရေကို ဖော်ထုတ်ပြသလိုဖြစ်ကာ လူတိုင်းကလည်း စောင့်ကြည့်နေမှာပင်။

လုဇြီကေတာ့ မြက်ခင်းပြင်ကျယ်ကို ထပ်သွားနိုင်ပြီး အမဲလိုက်ခွင့်ရကာ ပြင်းပြင်းထန်ထန် ကြိုးစားချင်နေသည်။မဟုတ်ရင်တော့ သူ့ရဲ့ ပါရမီလောက်နဲ့ သူ့ရဲ့စွမ်းအားက ဆေးကြောခံရကာ အိမ်ပြန်ပြီးသာ အိပ်ရမလို ဖြစ်နေသည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now