အခန်း87

282 44 1
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း၈၇ အရည်အချင်းနဲ့ အေးဆေးတည်ငြိမ်ခြင်း

အဆုံးတွင်တော့ အဲလစ္ကသာ ကြောင်တောင်တောင်လေး ပြုံးပြလိုက်ရသည်။

အာဟဟ အင်း စီနီယာ အကို ညီမ ဝိညာဉ်ဆေးပင်တွေကို လီနဲ့ အတူသွားပြီး အရင်ဆေးကြောသန့်ရှင်းလိုက်အုံးမယ်နော် ဒီသလင်းဝါ ကျောက်သားရဲကိုတော့ အကိုနဲ့ပဲ ထားခဲ့လိုက်တော့မယ်

လုဇြီ ပြုံးလိုက်သည် ဒါပေါ့ မစိုးရိမ်နဲ့ သိပ်မကြာခင် အချိန်မှာ ပြီးစေရမယ်

သူထိုသို့ ပြောပြီးတာနဲ့ လုဇြီက ခြံ၀န်းထဲသို့ ထွက်သွားလေရင်း ကြီးမာလှတဲ့ ရေစိုခံ ဖျာအကာကြီးကို ယူလိုက္ကာ သလင်းဝါ ကျောက်သားရဲရဲ့ သွေးတွေကို မြေပြင်တွင် မစီးဆင်းစေလောက်အောင် အရင်ခင်းထားလိုက်လေသည်။ထို့နောက်သူက ထိုသားရဲကြီးကို ထုတ်လိုက်လေရင်း ဖျာပေါ်တင်လိုက်သည် ။

အစိမ်းရောင် အလင်းတို့က သူမျက်၀န်းထဲတဖျက်ဖျက်လက်လာလေရင်း သူ့ရဲ့ ညာလက္ကို မြောက်လိုက်သည်။ ထိုအခါ ထက်ရှတဲ့ လေလှံတစ်ချောင်းက ပေါ်လာလေ၏။ အစိမ်းရောင်အလင်းက တဖျက်ဖျက်လက်သွားလေရင်း သလင်းဝါ ကျောက်သားရဲကို လွှမ်းခြုံသွားလေသည်။

သူ့ရဲ့ အခြေခံလက်သီးသိုင်းတွင် ကျွမ်းကျင်မှုက ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်နေခဲ့ပြီးဖြစ်သည်။ သူက ဓါးကို အသုံးပြုနေတာ ဆိုပေမဲ့လည်း အသုံး၀င်နေသေးသည်။ သူက ဒီနည်းလမ်းကိုပဲ သိတယ်ဆိုပေမဲ့ အခြားနည်းလမ်းတွေ အားလုံးကို ဆက်စပ်တွေးဆက်နိုင်စွမ်း ရှိပေသည်။

သားရဲမွ သွေးတွေက စီးဆင်းကျလာခဲ့တဲ့ အခါ လုဇြီက ကြီးမားလှတဲ့ ထည့်စရာခွက်ကြီး တစ္ခုကို ထုတ်ပြီးသွေးတွေကို စုဆောင်းလိုက်သည်။ ခြေထောက်က အသားတွေကိုလည်း ထုတ်ယူလိုက်သည်။

ထို့နောက်နံရိုးကိုလည်း ထုတ်ယူနေ၏ ။ထိုသို့ဖြင့် သူက အခြားသော သလင်းဝါ ကျောက်သားရဲကိုလည်း ထပ္တူညီစြာ လုပ်လိုက်ပေသည်။ ထည့်စရာခွက်က ခဏချင်းပင် ပြည့်နှက်သွားလေ၏။ ဒါကို ကိုင်တွယ် ပြီးတဲ့ နောက် လုဇြီက ပျော်ရွှင်စွာနဲ့ ထရပ်လိုက်သည်။ ထိုကြီးမားလှတဲ့ ထည့်စရာခွက်ကြီးကို လက်တဖက်ထဲနဲ့ ကိုင်ရင်း စံအိမ်ထဲသို့ ၀င်သွားလေသည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now