အခန်း120

259 32 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း၁၂၀

သူ့ရဲ့ ချီကျူးမှုက ရွုံးသြားတာကို သိလိုက်တဲ့ အချိန်မှာပဲ နန်ကုန်းကျင်က နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအခိုက် သေးငယ်လှတဲ့ လက်သီးလေးက ရွှေရောင်အလင်းတွေလက်ရင် လုဇြီ မျက်စိရှေ့ ရောက်လာပြန်၏ ထိုလက္သီးက သာမာန်လက်သီးနဲ့သာ တူသလို မည်သည့် ကြောက်မက်ဖွယ် ဖိအားကိုမှာလည်း မခံစားရေပ။

သို့သော် ကြမ်းတမ်းလွန်းလှတဲ့့ ချီစွမ်းအင်တွေကတော့ အထဲမှာပါ၀င်နေတာကို သိလေတော့ လုဇြီ ချေွးပြန်လာသည်။ သူ့ရဲ့ မျက်လုံးတွေက ကျဉ်မြောင်းသွားရင် ခန္ဓာကိုယ် တစ္ခုလုံး ဖိအားပေးခံရသလို ဖြစ်လာ၏ ။

"အို သေစမ်း သူမ စွမ်းအင်ပြည့် သုံးလိုက်တာတော့ မဟုတ်ပါဘူးနော် သူကို ရိုက်လို့မရတာနဲ့ ထပ်ပြီး စွမ်းအင်တိုးလိုက်တယ်ပေါ့ သူမက လူညစ်ပဲ "

"သူမ အခုနက်နဲသိုင်းစစ်သည် အဆင့်(၈)က စွမ်းအင်တွေကို သုံးတယ္လို့ ပြောရဲသေးလား ဒီိတိုက်ပွဲကတော့ တော်တော်လေကို ကန့်သတ်ချက်ကို ကျော်လွန်နေပြီ "

လုဇြီမွာ ဆက်လက်တွေးတောနေဖို့ အချိန်မရှိတော့ပေ ။သူက နန်ကုန်းကျင်းရဲ့ လက္သီးကို ရှောင်နိုင်ယုံလေသာ အချိန်ရတော့သည့်မို့ အစိမ်းရောင် အလင်းတို့က သူမ်က္လုံးထဲ လက်လာလေရင်းလေအဖြစ်ပြောင်းသွားကာ နေရာမှ ပျောက်ကွယ်သွားရသည်။ လက္သီးက လေကိုသာ ထိုးလိုက်မိရင် စွမ်းအင်တွေက ပေါက်ကွဲထွက်သွားသည်။

ဟိန်း ....

နဂါးတစ်ကောင် အော်သံလိုမျိုး ကျယ်လောင်တဲ့ အသံထွက်လာသည်။ ထိုသေးငယ်လှတဲ့ လက်သီးလေးက လေထုကိုပင် တုန်ခါထိုးခွဲနိုင်စွမ်း ရှိသည် ။ထို့နောက်ထိုလေကိုပင် မီတာရာကျော် လွှင့်ထွက်သွားအောင်ပင် လုပ်နိုင်ပါ၏။ ထိုစွမ်းအင်က အလွန်ကြောက်မက်ဖွယ်ကောင်းကာ လုဇြီရဲ့ နှလုံးခုန်သံတွေ ညံနေတော့သည်

" အို သေစမ်း အဲဒီလက္သီးတာ သူအပေါ်ကျခဲ့မယ် ဆိုရင် သူတော့ အဆုံးသတ်လောက်ပြီ"

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now